တော်တော်ရယ်ရတဲ့ စာတိုဟာသတွေ (အပိုင်း ၂)

maxresdefault.jpg
Shares 0

အပိုင်း ၁ ဖတ်ရှုရန် Click 

သတိထားရမယ့် ချစ်သူ။

ချစ်သူတွေရဲ့နာမည်ကို သစ်ပင်မှာထွင်းထားတာ တွေ့တော့၊ မမိုက်ပါဘူးလို့တွေးမိတယ်။ ဟုတ်တယ်လေ၊ ချိန်းတွေ့တဲ့သူဘယ်နှယောက်များ ဓားယူလာမှာလဲ။

 

ငလည်ဆင်ကြီး။

ဆင်ကြီး – အက္ခရာစဉ်ကို မင်းငါ့လောက်မြန်အောင် မရွတ်နိုင်ဘူးလို့ ငါလောင်းရဲတယ်။

မှည့်ကြီး – ဟုတ်ပြီ။ က ခ ဂ ဃ င ……….။

ဆင်ကြီး – “အက္ခရာစဉ်”

မှည့်ကြီး – ခွားမသေး။

 

စားတယ်ဟေ့။

လကမ္ဘာပေါ်ကို စဦးဆုံးခြေချခဲ့တဲ့ လူက Neil Armstrong တဲ့။ သူ့နာမည်ကို ပြောင်းပြန်လှန်ကြည့်လိုက်တာ Aliean (ဂြိုဟ်သား) တဲ့။ ……………………. ။ ခေါင်းစားတယ်ဟေ့။

နှစ်လုံးပေါင်းပြောရင် ရှော့ရှိတယ်။

သမီး – အမေ၊ သမီးမှာကိုယ်ဝန်ရှိနေပြီ။

အမေ – သမီးရယ်၊ အမေပြောထားတယ်လေ။ သားမြတ်ကို ထိရင် “don’t” (မလုပ်နဲ့) လို့ပြော။ ယောနိကို ထိရင် “stop” (ရပ်တော့) လို့ပြောပါလို့။

သမီး – ဒါမဲ့ သူကနှစ်ခုလုံး လာထိတာကိုး။ အဲ့တော့ don’t, stop, don’t stop လို့ပြောတာပေါ့။

 

နောက်တစ်ကြိမ် ဂရုစိုက်၊ ကြားလား။

လူသုံးယောက် အရက်မူးနေတယ်။ အငှားကားထဲဝင်လိုက်ကြတယ်။ ဒီလူတွေ မူးနေမှန်းသိတော့ ယာဉ်မောင်းက ကားစက်နိုးပြီး ပြန်ပိတ်လိုက်တယ်။ ပြီးတော့

ယာဉ်မောင်း – ခင်းဗျားတို့ သွားမယ့်နေရာ ရောက်ပါပြီခင်ဗျာ။

ပထမလူ    – ငွေထုတ်ရှင်းတယ်။

ဒုတိယလူ  – ကျေးဇူးပဲဗျာ။

တတိယလူ – ကားသမားကို ပါးသွားရိုက်တယ်။ (သူသိသွားပြီထင်ပြီ ယာဉ်မောင်းဟာ အတော်လေး ထိတ်လန့်သွားတယ်။)

ယာဉ်မောင်း – ခင်ဗျား ကျွန်တော့်ကို ဘာလို့ရိုက်တာလဲ။

တတိယလူ – နောက်တစ်ခါ ကားမောင်းရင် မဟားတရားမမောင်းနဲ့။ ခင်ဗျားလုပ်တာနဲ့ ကျွန်တော်တို့ သေတော့မလို့။

Ref:kissasshumor

 

 

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *