ချီဟွာဟွာခွေးက ကားကိုမောင်းသွားပြီး မီးပွိုင့်မှာ ရပ်ထားတဲ့ကားနဲ့ ဝင်တိုက်

joyriding-chihuahua-3007814.png
Shares 0

Tabitha Ormaechea လို့ ခေါ်တဲ့ အမျိုးသမီးဟာ ၀ါရှင်တန်မြို့ က မီးပွိုင့်မှာ မီးနီလို့ ကားကိုရပ်ထားနေတုန်း ဘယ်ကနေထွက်လာမှန်းမသိတဲ့ ကားတစ်စီးက သူမကားကို ၀င်တိုက်လိုက်ပါတယ်။ တစ်ဖက်ကားကို သူမ လှမ်းကြည့်လိုက်တဲ့အခါမှာတော့ ကားထဲမှာ ဘယ်သူမှ ပါမလာဘဲ စတီယာရင်ကို ကိုင်ရပ်နေတဲ့ ချီဟွာဟွာ ခွေးတစ်ကောင်ကိုပဲ သူမတွေ့ လိုက်ရပါတယ်။

“ ကျွန်မ မီးပွိုင့်မိလို့ ကားရပ်ထားတုန်း နှုတ်ခမ်းနီတောင့်ကို ထုတ်နေတဲ့အချိန်မှာ ဘယ်ကပေါ်လာမှန်းမသိတဲ့ ကားတစ်စီးက ကျွန်မကားကို ၀င်တိုက်လိုက်ပါတယ်။ အရှိန်သိပ်မပါတဲ့အတွက် ဘာဒဏ်ရာမှ မရလိုက်ပါဘူး။ ကျွန်မ ဟိုဘက်ကားကိုလှမ်းကြည့်လိုက်တော့ ခွေးလေးတစ်ကောင်က စတီယာရင်ကို မှီပြီးရပ်နေတာကို တွေ့  လိုက်ရတယ်လေ။ အရမ်းအံ့သြမိသွားတယ်” လို့ Tabitha Ormaechea က KREM-TV ရုပ်သံဌာနကို ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကို အဖြေရှာကြတဲ့အခါမှာတော့ Jason Martinez လို့ ခေါ်တဲ့ လူတစ်ယောက်ဟာ သူ့ ရဲ့ ကားထဲမှာ Toby လို့ ခေါ်တဲ့သူ့ ချီဟွာဟွာခွေးလေးကို ထားခဲ့ပြီး စတိုးဆိုင်ထဲ ၀င်သွားခဲ့ပါတယ်။ အချိန်ခဏ ကြာတော့ ဆိုင်ထဲကို လူတစ်ယောက်ပြေးဝင်လာပြီး အညိုရောင်ကားက ဘယ်သူ့ ဟာလဲ လို့  လှမ်းမေးလိုက်ပါတယ်။ Jason ပြေးထွက်ကြည့်လိုက်တော့ သု့ ရဲ့ကားကို Toby က မောင်းသွားခဲ့ပါပြီ။ Martinez ထင်မြင်ချက်အရ သူ့ ခွေးက ဂီယာပြုတ်အောင် လုပ်မိသွားတော့ ကားက လိမ့်သွားတာပါတဲ့။ ဒါပေမယ့်လည်း Toby က စတီယာရင်ကို ဘယ်လို ထိန်းသွားသလဲဆိုတာတော့ သူလည်း မသိဘူးလို့  ဆိုပါတယ်။

Ref: foxnews

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *