နှလုံးတိုက်ခိုက်မှု အန္တရာယ်ရှိ/မရှိကို သွေးစစ်ပြီး ကြိုတင်သိရှိနိုင်

boala_sa-crop-644x416.jpg
Shares 0

 

သွေးထဲက တိကျတဲ့ ဆဲလ်တွေ ရှာဖွေပြီး နှလုံးတိုက်ခိုက်မှု အန္တရာယ် ရှိ/မရှိကို သုံးသပ်နိုင်တဲ့ နည်းပညာတစ်ရပ်ကို သိပ္ပံပညာရှင်တွေ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ခဲ့ပါတယ်။ ဒီနည်းပညာကို “fluid biopsy” လို့အမည်ပေးထားပါတယ်။ သွေးစစ်လို့ နှလုံးတိုက်ခိုက်မှု အန္တရာယ်ရှိတဲ့ လက္ခဏာပြတဲ့ လူနာတွေဟာ နှလုံးတိုက်ခိုက်မှု တကယ်တွေ့ကြုံခံစားရမယ်လို့ သုတေသီတွေက ယုံကြည်ထားပါတယ်။

နှလုံးအနားသတ်ဆဲလ်အလွှာအောက်မှာ ရှိတဲ့ endothelial  လို့ခေါ်တဲ့ ဆဲလ်တွေဟာ သွေးစီးကြောင်းထဲ လည်ပတ်လိုက်တဲ့အခါမှာ နှလုံးတိုက်ခိုက်မှု ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာနဲ့ သိပ်ကို ဆက်စပ်နေပါတယ်။ ရောဂါပိုးပါတဲ့ ချေးတွေဖြစ်တည်လာတဲ့အခါ အဲ့ဒီ့နေရာကို ရောက်လာကြပြီး နောက်ပိုင်းမှာ သွေးလွှတ်ကြောတွေ ရောင်ရမ်းလာပါတယ်။ ဒီထိခိုက်မှုဟာ သွေးစပိတ်ပြီး သွေးလွှတ်ကြောသွေးစီးဆင်းမှုကို ဟန့်တားမယ်၊ နောက်တဆင့် နှလုံးတိုက်ခိုက်မှု ဖြစ်လာမယ်။

လူနာ ၇၉ဦးရဲ့ သွေးနမူနာတွေထဲက CECsတွေရဲ့ လက္ခဏာသတ်မှတ်ဖို့နဲ့ အန္တရာယ် ရှိ/မရှိသိဖို့အတွက် High-Definition Circulationg Endothelial Cell (HD-CEC)လို့ခေါ်တဲ့ သွေးစစ်ဆေးမှုကို သုတေသီတွေက တီထွင်ခဲ့တာဖြစ်ပါတယ်။

Ref:BS

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *