အနုပညာ အငွေ့အသက်တွေ ဖုံးလွှမ်းနေတဲ့ အာရှဟိုတယ်များ

hotels_in_asia_are_adding_art_to_the_mix_of_accommodation_and_relaxation_sofitel_legend_metropole.jpg
Shares 0

          အာရှတစ်ခွင်လုံးပါပဲ။ ဘာလီကနေ တိုကျိုထိအောင်ပေါ့။ စင်္ကာပူက Caravelle ဟိုတယ်၊ တိုကျိုက Palace ဟိုတယ် ၊ ဘာလီက Tanah Gajah စတာတွေပေါ့။ ဒီလိုမျိုး အာရှနိုင်ငံတွေရဲ့ ဟိုတယ်တွေဟာ လာရောက်တည်းခိုသူကို တည်းခိုမှုတွေအပြင် တီထွင်ဆန်းသစ်တဲ့ ခံစားမှု တစ်စုံတစ်ရာ ရရှိသွားစေချင်တဲ့ ဆန္ဒရှိပုံရပါတယ်။

          အာရှတလွှား တည်ရှိနေတဲ့ ဟိုတယ်တွေဟာ အနုပညာလက်ရာ စုစည်းမှုတွေမှာ ငွေကြေး အတော်ရင်းနှီးမြှုပ်နှံနေကြတယ်လို့ သိရပါတယ်။ ဧည့်သည်တွေကို ပြည်တွင်း အနုပညာလက်ရာတွေ အပေါ် အကျွမ်းတ၀င်ရှိအောင် သိမ်းသွင်းနေတယ်လို့ ယူဆရမလိုပါပဲ။ ဟိုတယ်တွေဟာ ဧည့်သည်တွေနဲ့ သူတို့ရဲ့ ပြည်တွင်းက စွဲမက်ဖွယ် အလှအပတွေအကြား စည်းမျဉ်းအသစ်တွေ ပြန်လည်ရေးဆွဲနေပါတယ်။

ဗီယက်နမ်နိုင်ငံ ၊ ဟိုချီမင်းမြို့တော်က Caravelle ဆိုတဲ့ ဟိုတယ်ပါ။

“ချာ့ခ်ျတွေ ၊ ဘုရားကျောင်းတွေ ၊ ဘုရားတွေ ၊ ပြတိုက်တွေ ၊ ဥယျာဉ်တွေ အများကြီးပါပဲ။ ဒါပေမယ့် ဧည့်သည့်တွေက ဒီလိုတည်ရှိပြီးသားတွေအပြင် နောက်ထပ်ပိုပြီး စိတ်ဝင်စားစရာ ကောင်းမယ့် အသစ် အသစ်တွေကို လေ့လာလိုကြပါတယ်။ ဒါကြောင့် အနုပညာထက်ပိုပြီး စိတ်ဝိဥာဉ်ကို တလုံးတခဲတည်း ဖမ်းစားနိုင်တဲ့အရာ မရှိဘူးလို့ယူဆထားပါတယ်” ဆိုပြီး ဟိုတယ်ရဲ့မန်နေဂျာ John Gardner က ဟော်တယ်အနေနဲ့ အနုပညာအပေါ် ရင်းနှီးမြှုပ်နှံရခြင်း အကြောင်းအရင်းကို ရှင်းပြပါတယ်။

ဂျပန်နိုင်ငံ ၊ တိုကျိုမြို့က Palace ဟိုတယ်ပါ။

ဒါကတော့ အင်ဒိုနီးရှားနိုင်ငံ ၊ ဘာလီကျွန်းဆွယ်က The Chedi Club Tanah Gajah ဟိုတယ်ပဲ ဖြစ်ပါတယ်။

          ခရီးသွားတွေဟာ အနုပညာလက်ရာဆိုင် ၊ ကော်ဖီဆိုင်နဲ့ ရှေးဟောင်း ပစ္စည်းဆိုင်တွေမှာ ဓါတ်ပုံရိုက်ကြ ၊ လေ့လာကြနဲ့ အချိန်ဖြုန်းကြတာ များပါတယ်။ အာရှမှာ ထွန်းကားလှတဲ့ ရှေးဟောင်း ဗိသုကာလက်ရာတွေနဲ့ အနုပညာတွေဟာ ကမ္ဘာအရပ်ရပ်က ဧည့်သည်တွေအတွက်တော့ အံ့မခန်း ပါပဲ။ ဒါကြောင့်လည်း ဟိုတယ်တွေအနေနဲ့ နောက်ပိုင်းမှာ အနုပညာလက်ရာတွေနဲ့ ဆွဲဆောင်ဖို့ ကြိုးစားလာကြတာပဲ ဖြစ်ပါတယ်။

Ref:herworldplus

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *