စိတ်ဖိစီးမှု လျော့နည်းစေဖို့ အကောင်းဆုံးအစားအသောက် (၈)မျိုး

bestbeveragestorelievestressh_1389188844_980x457.jpg
Shares 0

          အားလပ်ရက်တွေဟာ အကြောင်းအရာနှစ်ခုအတွက် တည်ရှိနေတာပါ။ ပျော်ရွှင်ဖွယ် ကောင်းသလို ဖိအားအများအပြားကိုလည်း ဖြစ်စေနိုင်ပါတယ်။ ပါတီတွေမှာ အများဆုံး စားသောက်ဖြစ်တဲ့ အဖျော်ယမကာတွေနဲ့ အချိုကဲတဲ့ ပစ္စည်းတွေဟာ တကယ်တမ်းမှာတော့ စိတ်ကျမှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

အခု ယူဆောင်လာတဲ့ စာရင်းကတော့ သင့်ရဲ့ ဖိအားတွေကို လျော့ချပေးပြီး ခန္ဓာကိုယ်မှာရှိတဲ့ အကြောတွေကို ဖြေလျော့ပေးနိုင်တဲ့ အစွမ်းသတ္တိတွေ ရှိပါတယ်။

(၁)     နွားနို့

          နွားနို့ရဲ့ ကောင်းကျိုးတွေကတော့ အတော်လေးများပါတယ်။ နွားနို့မှာပါတဲ့ ကယ်လဆီယမ်နဲ့ မက်ဂနီဆီယမ်တို့က သွေးဖိအားလျော့နည်းဖို့ အကူအညီပေးပါတယ်။ tryptophan နဲ့ amino အက်ဆစ်ဓါတ်တို့က serotonin အဖြစ် ပြောင်းလဲသွားတဲ့အခါ သင့်ရဲ့စိတ်အခြေအနေကို တိုးတက်စေပြီး တည်ငြိမ်လာစေပါတယ်။ ညအိပ်ရာဝင်ခါနီး နွားနို့တစ်ဖန်ခွက်သောက်ခြင်းက ပျော်ရွှင်ချမ်းမြေ့ခြင်းပါပဲ။

(၂)     Black Tea

          လေ့လာတွေ့ရှိချက်တွေအရ black tea ကို ပုံမှန်သောက်တဲ့သူဟာ (၆)ပတ်အကြာမှာ ကော်လက်စထရောနှုန်း ကျဆင်းစေပြီး ဖိအားတွေလျော့နည်းစေပါတယ်။ ပိုကောင်းဖို့အတွက် ကဖိန်းဓါတ် မပါဝင်တာကို ရွေးချယ်ပါ။

(၃)     ရေ

          ရေဟာ endrophins မှ ကင်းလွတ်စေနိုင်ပြီး စိတ်ဓါတ်အခြေအနေနဲ့ အကောင်းမြင်စိတ်ကို တိုးပွားစေနိုင်ပါတယ်။ မနက်ကနေ ညအိပ်တဲ့အချိန်ထိ တစ်နေ့တာလုံး သောက်နိုင်သလောက်သာ သောက်ပါ။

(၄)     ချယ်ရီဖျော်ရည်

          သင့်ကို စိတ်ငြိမ်အောင်နဲ့ ဖိအားတွေကို ထိန်းညှိပေးနိုင်ပါတယ်။ ချယ်ရီဖျော်ရည် တစ်အောင်စကို တစ်နေ့ နှစ်ကြိမ်သောက်ပေးမယ်ဆိုရင် သင့်ရဲ့စွမ်းရည်တွေ တိုးတက်လာစေနိုင်ပြီး ကောင်းစွာ အိပ်ပျော်စေနိုင်ပါတယ်။

(၅)     Green Tea

          ခန္ဓာကိုယ်အလေးချိန် လျော့ချရာမှာ ကူညီပေးရုံသာမက theanine လို့ခေါ်တဲ့ ဓါတ်ဖွဲ့စည်းမှုက စိုးရိမ်သောကတွေကို လျော့ချရမှာလည်း ကူညီပေးနိုင်ပါတယ်။

(၆)     လတ်ဆတ်သော အသီးအရွက် ဖျော်ရည်များ

          သူတို့က သင်ထင်သလောက်တည်း အရသာမဆိုးဝါးပါဘူး။ ဟင်းနုနွယ် ၊ မုန်ညင်းရွက် ၊ ကိုက်လန်နဲ့ မုန်လာထုပ်တွေမှာ ပါတဲ့ ကယ်လဆီယမ်နဲ့ မက်ဂနီဆီယမ်ဓါတ်တွေက သွေးဖိအား လျော့နည်းဖို့ ကူညီပေးပါလိမ့်မယ်။ ပြီးတော့ သူတို့ဟာ ဗီတာမင် C အစုအဝေးကြီးဖြစ်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ ဖိအားတွေကို တုန့်ပြန်မှုအပေါ် ထိန်းချုပ်ပေးနိုင်ပါလိမ့်မယ်။

(၇)     Valerian

          ဒါဟာ ဆေးကုထုံးတစ်မျိုးဖြစ်ပြီး များသောအားဖြင့် လက်ဖက်ရည်သီးသန့်ဆိုင်တွေမှာ ရနိုင်ပါတယ်။ အာရုံကြောနဲ့ဆိုင်တဲ့ရောဂါတွေ၊ စိုးရိမ်သောကတွေနဲ့ အိပ်မပျော်နိုင်တဲ့ ရောဂါတွေအတွက် ပြည့်စုံတဲ့ အိပ်ရာဝင်ချိန် ဆေးတစ်ခွက်အဖြစ် သိထားကြပါတယ်။

(၈)     Chamomile Tea

          အာရုံကြောတွေ ဖြေလျော့အားကောင်းစေဖို့ ဒါထက်ကောင်းတာ မရှိပါဘူး။ ဂလိုင်ဆင်းနဲ့ အမီနို အက်ဆစ်ဓါတ်တို့က relax ဖြစ်စေမယ့် အစွမ်းသတ္တိ များစွာ ပါဝင်နေပါတယ်။

          ဒါကြောင့် ဖိအားတွေကို တွန်းလှန်နိုင်ပြီး လန်းဆန်းတက်ကြွစွာ လုပ်ငန်းခွင်ကို ခြေချနိုင်ဖို့ မိမိနဲ့နီးစပ် အဆင်ပြေမယ့် အရာကို စတင်သောက်သုံးကြည့်ပါ။

Ref:mensxp

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *