Capital One ဖလား ဗိုလ်လုပွဲကို တက်ရောက်ဖို့ မန်စီးတီးအခြေအနေ ကောင်းသွားပြီ

mancity49001e.jpg
Shares 0

မနေ့ ညကကန်ခဲ့တဲ့ Capital One ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ မန်စီးတီးအသင်းဟာ အိမ်ကွင်းမှာ ၀က်စ်ဟမ်းအသင်းကို ၆-၀ နဲ့ ဂိုးပြတ်ချေမှုန်းခဲ့ပါတယ်။ မကြာသေးမီက FA Cup တတိယအဆင့် မှာ နော်တင်ဟမ်ဖော်ရက်စ်အသင်းကို ၅-၀ နဲ့ ရှုံးနိမ့်ပြီး FA က ထွက်လိုက်ရတဲ့ ၀က်စ်ဟမ်းအသင်းဟာ Capital One ဖလားမှာ ဆီမီးဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ထိပ်သီး မန်စီးတီးနဲ့ တွေ့ ဆုံပြီး ဗိုလ်လုပွဲတက်ဖို့ မျှော်လင့်ချက် မှေးမှိန်သွားခဲ့ရပါတယ်။

မန်စီးတီးအသင်းဟာ ပွဲအစထဲက တိုက်စစ်ဆင်ကစားခဲ့ပြီး ၁၂ မိနစ်မှာ စပိန်လူမျိုးတိုက်စစ်မှူး နီဂရီဒို က အဖွင့်ဂိုးသွင်းယူခဲ့ပါတယ်။ ၂၆ မိနစ်မှာ နီဂရီဒိုက ဒုတိယမြောက်ဂိုးကို ထပ်သွင်းယူခဲ့ပြီး ၊ ယာယာတိုရေးက တစ်ဂိုးသွင်းယူကာ ၃-၀ နဲ့ ပထမပိုင်းပြီးဆုံးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ နီဂရီဒိုက ဟက်ထရစ်ဂိုးကို သွင်းယူခဲ့ပြီး တိုက်စစ်မှူး ဒီဇီကို က နှစ်ဂိုး ထပ်သွင်းယူကာ အိမ်ကွင်းမှာ ဟမ်းမားတွေကို ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။ ဒီပွဲမှာ ဂိုးပြတ်အနိုင်ယူလိုက်နိုင်ခဲ့တဲ့အတွက် ဒုတိယအကျော့ ၀က်စ်ဟမ်းအိမ်ကွင်းမှာ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်အတွက် စိုးရိမ်စရာမလိုတော့ဘဲ Capital One ဖလား ဗိုလ်လုပွဲကို တက်ရောက်ဖို့ အခြေအနေကောင်းသွားခဲ့ပါပြီ။ ဒီရာသီမှာ အထူးခြေစွမ်းပြနေတဲ့ မန်စီးတီးအသင်းဟာ ဒီပွဲအပါအ၀င်ဆို အိမ်ကွင်း၁၅ ပွဲမှာ ၅၉ ဂိုးအထိ ကြောက်ခမန်းလိလိ သွင်းယူခဲ့နိုင်တာပါ။

“ ကျွန်တော်တို့ အသင်းဟာ ပွဲချိန်မိနစ် ၉၀ လုံးလုံး အရမ်းကောင်းမွန်တဲ့ ကစားပုံကို ပြသနိုင်ခဲ့ပါတယ်။ ဒီညလို နောက်တစ်ဆင့်အတွက် အရေးကြီးခြေလှမ်းတစ်ခုဖြစ်တဲ့ ပွဲစဉ်မှာ ကျွန်တော်တို့ ခြောက်ဂိုးအထိ သွင်းယူ နိုင်ခဲ့ပါတယ်။  နီဂရီဒို အတွက် ဒီပွဲဟာ အရမ်းကောင်းမွန်တဲ့ပွဲစဉ်တစ်ခုဖြစ်ပါတယ်။ ဟက်ထရစ်သွင်းယူနိုင်ခဲ့သလို ကွင်းလယ်နဲ့ လည်း အချိတ်အဆက်မိမိ ကစားနိုင်ခဲ့ပါတယ်။ ဒီဇီကိုလည်း အဲလိုပါပဲ ။ သူတို့ နှစ်ယောက် နောက်ထပ်ပွဲတွေများများ တွဲကစားလေ သူတို့ အတွဲပိုကောင်းလာလေ ဖြစ်မှာပါ” လို့ မန်စီးတီးနည်းပြ ပယ်လီဂရီနီ က ပွဲအပြီးမှာ ပြောကြားသွားပါတယ်။

Ref: bbc

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *