Online Dating ရဲ့ အကျိုးနဲ့အပြစ်

o-online-dating-facebook.jpg
Shares 0

          အချစ်ကို ရှာဖွေနေသူတွေအတွက် နည်းပညာဆိုတာ အခွင့်အရေးတွေ အများကြီး ဖွင့်ချပေးနိုင်တဲ့ အရာကြီးတစ်ခုပါ။ သင့်ရဲ့ လက်ချောင်းလေးတွေအောက်မှာ ထောင်ပေါင်း များစွာသော အခွင့်အရေးတွေ ရှိနေပါပြီ။ လူနေမှုပုံစံတွေမှာ တောင်းဆိုမှုတွေ ပိုများလာသလို လူမှုအသိုင်းအ၀ိုင်းကလည်း လွန်ခဲ့တဲ့နှစ်တွေကနဲ့ များစွာ ကွာခြားလာခဲ့ပါပြီ။

          အချိန်ဆိုတာ ရှားပါးအရာတစ်ခုဖြစ်လာခဲ့တာကြောင့် အသက်မွေးဝမ်းကြောင်းတွေနောက် လိုက်ရင်း လူမှုရေးဘ၀ဆိုတာ မဖြစ်နိုင်မှုတွေနောက် ရောက်နေပါတယ်။

          စနေနေ့ညလို အထီးကျန်ညမျိုးမှာ တစ်ယောက်ယောက်နဲ့ ချိန်းတွေ့ချင်တဲ့ စိတ်ဟာ အလွန်အမင်းကို ဖြစ်လာတတ်ပါတယ်။ အားလပ်ရက်မှာ ဘယ်သူက အိမ်မှာတစ်ယောက်တည်း နေချင်မှာတဲ့လဲ။ ဒီလိုမှမဟုတ်ဘဲ ဘားတွေနဲ့ နိုက်ကလပ်တွေမှာ အချိန်သွားဖြုန်းမိရင်တော့ ဆိုးဝါးတဲ့ ဆက်ဆံရေးတစ်ခုကိုသာ ပိုင်ဆိုင်လာရတတ်ပါတယ်။ ပြီးတော့ ဘယ်လိုပွဲသိမ်းမယ်ဆိုတာလဲ မသိနိုင်ဘူးလေ။

          ကဲဒီတော့ အသစ်အဆန်းတစ်စုံတစ်ခုလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလား။ နောက်ဆုံးပေါ် ခေတ်မီအရာတစ်ခုကတော့ အွန်လိုင်းဖူးစာရှာခြင်းပါပဲ။ သင့်အနေနဲ့ ဒီလမ်းကြောင်းကို လိုက်သင့်သလားဆိုတာတော့ အကျိုးနဲ့အပြစ်တွေ ခွဲထုတ်ရင်း စဉ်းစားရအောင်။

သင့်အနေနဲ့

–      သင့်ရဲ့အချိန်ဇယားက ဘယ်လိုပဲ ဖြစ်နေပါစေ တွေ့ဆုံလို့ရနိုင်ခြင်း။

–      နေရာအသစ် ၊ လူအသစ်များနှင့် ဗဟုသုတအသစ်တို့ တိုးပွားခြင်း။

–      မျက်နှာချင်းဆိုင်တွေ့ရမယ်လို့ ကန့်သတ်ချက်မရှိဘဲ သင်တွေ့ချင်တဲ့အချိန်မှသာ တွေ့လို့ရနိုင်ခြင်း။

–      အွန်လိုင်းဝန်ဆောင်မှု အတော်များများက သင်တစ်ယောက်ယောက်နဲ့ မနီးစပ်သေးသရွေ့ သင့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ထိန်းသိမ်းပေးထားခြင်း။

–      ပရိုဖိုင်တွေက သူတို့ရဲ့ စိတ်ဝင်စားမှု ၊ ၀ါသနာ ၊ ပညာအရည်အချင်းနဲ့ ရည်မှန်းချက်တွေကို ပြောပြနိုင်ခြင်း။

–      ဓါတ်ပုံများ အပြန်အလှန် ပေးပို့နိုင်ခြင်း။

–      စကားပြောဆိုရာမှာ နေရာတကျမဖြစ်မှု နည်းပါးခြင်း ။

–      ငွေကုန်ကြေးကျနည်းပါးခြင်း စတဲ့ အကျိုးကျေးဇူးတွေ ခံစားရနိုင်ပါတယ်။

အပြစ်တွေအနေနဲ့ကတော့ –

–      ရေခြားမြေခြား ဖြစ်နေခဲ့ရင် တစ်ခါတစ်ရံမှာ ထိန်းချုပ်ကိုင်တွယ်ရ ခက်ခဲခြင်း။

–      မျက်နှချင်းဆိုင် ဆုံတွေ့မှုမလုပ်သေးသရွေ့ သူတို့ရဲ့ ကိုယ်ရေးအချက်အလက်အမှန်ကို ဖုံးကွယ်ထားနိုင်ခြင်း ။

–      ဓါတ်ပုံအတုများနှင့် သင့်ကိုဖျားယောင်းနိုင်ခြင်း ။

–      တချို့က သင့်ကို စိတ်လေနေသူတစ်ယောက်လို့ ထင်နိုင်ခြင်း စတာတွေပါပဲ။

–      အန္တရာယ်ရှိသူများနှင့် မိတ်ဆွေဖွဲ့မိခြင်း ။ (တစ်ခါတစ်ရံ ကာမမုဆိုးများက ဒီဆိုဒ်တွေကို ပစ်မှတ်ထားလေ့ ရှိပါတယ်။)

          ဒါကြောင့် သင့်အနေနဲ့ အကျိုးနဲ့အပြစ်တွေကို ဝေဖန်ပိုင်းခြားကာ အွန်လိုင်းဖူးစာရှာတဲ့ ဆိုဒ်တွေကို ကျင်လည်စွာ အသုံးချတတ်ဖို့ လိုအပ်ပါတယ်။ တစိမ်းတစ်ယောက်နဲ့ ပြောဆိုဆက်ဆံ ရာမှာ သတိကြီးစွာထားဖို့လည်း လိုအပ်ပါတယ်။

          မှန်ကန်စွာအသုံးချတတ်မယ် ၊ လူကဲခတ်ကျွမ်းကျင်မယ် ၊ စဉ်းစားချင့်ချိန်နိုင်စွမ်းကြီးမယ် ဆိုရင်တော့ အွန်လိုင်းဖူးစာရှာခြင်းဟာ အလွန် အသုံးဝင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

Ref:voices.yahoo

 

 

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *