ဘယ်သူမှ သူတို့ကိုယ်သူတို့ google မှာရှာမကြည့်သင့်ဘူးလို့ဆိတဲ့ Sandra Bullock

sandra_bullock.jpg
Shares 0

 

သရုပ်ဆောင် Sandra Bullock ဟာ သူ့ကိုယ်သူ google မှာရှာကြည့်လိုက်မိတဲ့ အမှားကိုကျူးလွန်ခဲ့ကြောင်းဝန်ခံလိုက်ပါတယ်။ အခုအခါမှာတော့ သူမက ဘယ်သူမှ အမည်မသိသူတွေရဲ့ မှတ်ချက်တွေကို မဖတ်သင့်ကြောင်း အခိုင်အမာယူဆနေပါတယ်။

သရုပ်ဆောင်တစ်ယောက်အဖြစ်နဲ့နှစ်ပေါင်း ၃၀ ကြာလာခဲ့ပြီးမှာ အော်စကာဆုရှင်မင်းသမီးဟာ လူအချစ်အခင်အပေါများဆုံးနဲ့ လူအပြောများဆုံး ဟောလိဝုဒ်ကြယ်ပွင့် တွေထဲကတစ်ပွင့် ဖြစ်လာခဲ့ပါတယ်။ ဇန်န၀ါရီ ၄ ရက်နေ့ကကျင်းပတဲ့ Palm Springs နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ တစ်နှစ်တာ အမျိုးသမီးသရုပ်ဆောင်ဆုကိုလက်ခံတဲ့ အမှာစကားအတွင်း Bullock က သူမရဲ့ online post တွေအပေါ် လူတွေရဲ့အထင်အမြင်ကိုဖတ်ကြည့်တဲ့စွန့်စားမှုတစ်ခုကို လုပ်ဖို့ဆုံးဖြတ်ခဲ့ကြောင်းပြောပြခဲ့ပါတယ်။

ပြီတော့မြင်တွေ့ခဲ့တာတွေကြောင့်သူမ အံ့အားသင့်ခဲ့ရပါတယ်။

“လူတွေကျွန်မကိုဘယ်လိုထင်လဲ သိနိုင်မယ်လို့တွေးပြီး ကျွန်မကိုယ်ကျွန်မ google မှာရှာကြည့်တယ် ပြီးတော့ comment section ကိုဝင်ဖတ်ကြည့်တယ်။ ကျွန်မတော်တော်လေးသတိထားမိတာတွေကတော့ “Sandra Bullock က ၄၀ ကျော်ပြီ” ဆိုတာတော်တော်များတယ်။ “Sandra Bullock က ၄၀ တော်တော်လေးကျော်သွားတာကျွန်မသိပါတယ်။ ဟုတ်တယ်ဒါလဲကျွန်မသိတယ်။ “သူမရဲ့သရုပ်ဆောင်မှုကတော့ ထူးခြားတာလုံးဝမရှိပါဘူး။ သူ့မှာ ထူးခြားတဲ့ဆွဲဆောင်မှု မရှိပါဘူး။ မကြိုက်ပါဘူး။ အလယ်အလတ်အဆင့်လောက်ပဲရှိတယ်။ သူမက ၄၀ ကျော်သွားပြီလေ” လို့ပြောပြသွားပါတယ်။

"ကျွန်မ Meryl Streep ကိုနမ်းဖူးတယ်။ အပြင်မှာတကယ်နမ်းတာလေ။ သူ့ရွေးချယ်မှုဖြစ်စရာ မလိုတော့ဘူးပေါ့။ ကျွန်မသူ့ကို ရုတ်တရက်အံ့အားသင့်စေခဲ့တာ။ Betty White နဲ့တွဲလုပ်ဖူးသလို အာကသထဲမှာလဲပျံဖူးပြီးသွားပြီ။ ကျွန်မမှာတော်တော်ကောင်းမွန်တဲ့ဘ၀နဲ့ အလုပ်တစ်ခုရှိပြီးပြီလေ” လို့ပြောပါတယ်။

Ref:starpulse

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *