‘Booty’ သီချင်းနဲ့ အိုးကြီးတွေကြိုက်ခဲ့တဲ့ Juvenile, 2 Chainz

booty-cvr.jpg
Shares 0

 

Juvenile နဲ့ 2 Chainz တို့နှစ်ယောက် ပေါင်းပြီး ‘Booty’ ဆိုတဲ့ Single သီချင်းတစ်ပုဒ်ကို ထုတ်ခဲ့ပါတယ်။ ၁၉၉၉ခုနှစ်တုန်းက Juvenile ဟာ ‘Back That Azz Up’ သီချင်းထုတ်ခဲ့ပြီး အဲ့ဒီ့သီချင်းဟာ အမျိုးသမီးတွေ အိုးလှုပ်ဖို့အတွက် နိုင်ငံအနှံ့ပေါက်ခဲ့တဲ့ သံပြိုင်တေး တစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ ၁၅နှစ်ကြာပြီးတဲ့နောက်မှာတော့ 2 Chainz ပါဝင်သီဆိုပေးထားတဲ့ Juvenileရဲ့ နောက်ဆုံးထွက် single ‘Booty’ ထဲမှာ အမျိုးသမီးတွေကို အိုးလှုပ်ကဖို့ နှစ်ယောက်သား တောင်းဆိုခဲ့ကြပါတယ်။

Mouse on Tha Track က အသံပိုင်း အင်ဂျင်နီယာအဖြစ် တာဝန်ယူခဲ့တဲ့ ‘Booty’ သီချင်းမှာ DJ Spin နဲ့ Fresh Kid Ice တို့ရဲ့ classic  club တွေကို ညှပ်ပြီး sample လုပ်ထားပြီး mindless club သီချင်းတစ်ပုဒ် ဖြစ်လာပါတယ်။ ဒီသီချင်းထဲမှာ Juvenileဟာ အိုးကြီးတွေနဲ့ အိုးလှုပ်ကရတာကို ကြိုက်တဲ့ အမျိုးသမီးတွေကို ချီးမွမ်းထားပါတယ်။

“With big titties and big a-, her face pretty, she been bad / She got money, she pop tags / She not dumb and she not trash / I just saw her, she slip fast / She turn necks like whiplash / Got real hair and got real a- and she exercises it like gym class,” ဆိုပြီး Juvenile က ရပ်ပ်ဆိုထားပါတယ်။

2 Chainz ကလည်း ဧရာမအိုးကြီးတွေကို ချီးမွမ်းပြီး ဆိုထားပါတယ်။ “South side until I die, I cannot lie, identify / My name tag between her thighs, she got an onion booty, I’m finna cry,” လို့ သူကဆိုခဲ့ပါတယ်။

ကလပ်တွေအတွက် အထူးလုပ်ထားတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

Ref:theboombox

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *