Cosmetic လုပ်ငန်း လုပ်ကိုင်သွားဖို့ ရှိတယ်ဆိုတဲ့ အဆိုတော်ဒီယံ

390084_479399688806536_159441141_n.jpg
Shares 0

သံစဉ်ချိုချိုလေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားနိုင်တဲ့သူ အဆိုတော် ဒီယံကို သူ့ရဲ့လတ်တလော အနုပညာလှုပ်ရှားမှုတွေအပြင် သူဖန်တီးတဲ့အနုပညာအကြောင်း၊ ၂၀၁၄ခုနှစ်အတွင်း သူဆက်လက်လုပ်ဆောင်သွားမယ့် အလုပ်တွေအကြောင်း မေးမြန်း ဖြစ်ခဲ့တာကတော့ ‘လတ်တလောမှာ ကိုဂရေဟမ်နဲ့ ကိုပူစူးတို့ အတွက်သီချင်းတွေရေး ဖြစ်နေပါတယ်။ နောက်ထွက်မယ့် အစ်ကို့ရဲ့ သီချင်းတွေ အတွက် ပြင်ဆင်နေပါတယ်။ သင်္ကြန်အတွက် သီချင်းတွေရေး ဖြစ်နေတယ်။ တီးဖြစ်နေပါတယ်။ အစ်ကို့ရဲ့ အခွေမှာ သီချင်းခြောက်ပုဒ် လောက်ပဲပါမယ်။ သီချင်းတွေ အကုန်လုံးကို အစ်ကိုကိုယ်တိုင်ပဲ ရေးစပ်ထားပါတယ်။  ဗီစီဒီပါ တစ်ခါတည်း ထွက်မှာပါ။ ဗီစီဒီ ရိုက်ကူးတဲ့အခါမှာလည်း သီချင်းပေါ် မှာပဲ မူတည်သွားပြီးတော့ story ပုံစံမျိုး လေးတွေပဲ လုပ်သွားမှာပါ။ ဒါရိုက်တာတွေနဲ့ ညှိုင်းပြီးတော့ ပဲ လုပ်ဖြစ်သွားမှာပါ။ အစ်ကို့ရဲ့အခွေဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အစ်ကိုကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ရိုက်သွားမဲ့ အစီအစဉ်တော့ရှိပါတယ်။ အဲဒီအတွက် နည်းနည်းတော့ ခေါင်းစားမှာပေါ့နော်။ တကယ့် professional ဖြစ်တဲ့ ဒါရိုက်တာတစ်ယောက်အဖြစ် လုပ်မဲ့ အစီအစဉ်မျိုးတော့မရှိပါဘူး။ ပရိသတ်က ပေါ့ချိုချိုလေးတွေနဲ့ ဒီယံဆိုပြီး လက်ခံခဲ့တာဆိုတော့ ပရိသတ်လက်ခံမဲ့ သီချင်းမျိုးတွေပဲ ပါမှာပါ။ ဒီထက်ပိုပြီး ကောင်းအောင်တော့ အစ်ကိုလုပ်မှာပါ။ ပရိသတ်လက်ထဲကို အရသာရှိရှိလေးနဲ့ချပေး နိုင်တဲ့သီချင်း လေးတွေဖြစ်ဖို့အတွက် သေချာကြိုးစားသွားမှာပါ။ အစ်ကို့အနေနဲ့ သီချင်းရေးတဲ့အခါမှာ owntuneရေးရတာ ပိုပြီးအားသန်ပါတယ်။ လွတ်လွတ်လပ်လပ်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ရေးလို့ရတာပေါ့။ ကော်ပီလည်း ရေးပါတယ်။ နည်းတော့ နည်းတာပေါ့။ သီချင်းဆိုတာ နဲ့ သီချင်းရေးတာဆိုရင် သီချင်းဆိုရတာကို ပိုပြီးတော့သဘောကျပါတယ်။ ရှိုးပွဲတွေ သိပ်ပြီးမဆို ဖြစ်တာက ပွဲစီစဉ်သူတွေနဲ့ သိပ်ပြီး အချိတ်အဆက်မမိတာ ပါပါတယ်။ ပွဲဆိုဖို့ခေါ်မယ်ဆိုရင် တော့ အစ်ကိုဆိုပေးဖြစ်မှာပါ။ နောက်ပိုင်းမှာ အနုပညာအလုပ်တွေအပြင် စီးပွားရေးလုပ်ငန်းဖြစ်တဲ့ Cosmetic လုပ်ငန်း လုပ်ကိုင်သွားဖို့ အစီအစဉ် ရှိတယ်’လို့ သူက ပြောပြသွားခဲ့ပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *