အေးချမ်းပျော်ရွှင်တဲ့ ဘ၀တစ်ခု ပိုင်ဆိုင်နိုင်ဖို့ (၂)

tonle-sap-peaceful-living.jpg
Shares 0

(၆)     media ကိုးစားခြင်းကို ကန့်သတ်ပါ။

          အမြဲတမ်း စိတ်ဖိစီးမှုနှုန်း မြင့်တက်နေရတဲ့ အကြောင်းအရင်းတွေထဲမှာ သတင်းဆိုးတွေကို အမြဲတမ်းဖတ်ရှုနေတာကလည်း တစ်ခုအပါအ၀င်ပါပဲ။ နိုင်ငံရေးသမားတွေရဲ့ အဆိုးမြင်တဲ့ မှတ်ချက်စာသားတွေဟာ စစ်ပွဲတွေဆီ ခေါ်ဆောင်သွားနေပါတယ်။ စိတ်ဓါတ်ကို အနည်းငယ် ပြန်လည်မြှင့်တင်ပေးနိုင်တဲ့ သတင်းဆိုတာ ရှာမှရှား အဆင့်ကို ရောက်နေပါတယ်။ ဒီတော့ သိသင့်တဲ့ သတင်းဆိုရင် ဖတ်ပါ။ ဒါပေမယ့် အတိုင်းအတာတစ်ခုတော့ သတ်မှတ်ထားပါ။ ဒါမှသာ သင့်စိတ်ဟာ လိုတာထက်ပိုပြီး ထိုင်းမှိုင်းငြီးငွေ့မှု မရှိနေမှာဖြစ်ပါတယ်။

(၇)     မလိုအပ်တဲ့ ပစ္စည်းတွေကို စွန့်ပစ်ပါ။

          အိမ်မှာ ကျွန်ုပ်အတို့အတွက် အသုံးမတည့်တဲ့ ပစ္စည်းတွေကို တချို့တွေက သံယောဇဉ်ကြီးစွာ ထိန်းသိမ်းထားတတ်ကြပါသေးတယ်။ ဒါဟာ စိတ်ကို မလိုအပ်တဲ့အရာတွေနဲ့ ၀န်ပိစေပြီး သင့်ကို စိတ်ရှုပ်စေပါတယ်။ ဒါကြောင့် မ၀တ်တော့တဲ့အရာ ၊ မသုံးတော့တဲ့ ပစ္စည်း၊ မဖတ်တော့တဲ့ စာအုပ်တွေကို ပေးသင့်ရင်ပေးပြီး ရောင်းသင့်ရင်ရောင်းပါ။ သုံးလည်းမသုံးနိုင် ၊ ပေးလည်းမပေးနိုင် တာဟာ သင့်ရဲ့ အလိုရမ္မက်တွေကို မလျော့ချပေးနိုင်ပါဘူး။ ဒါကြောင့် စိတ်နှလုံးလည်း မငြိမ်းချမ်းနိုင် ပါဘူး။

(၈)     မိတ်တွေတုများကို ရှောင်ကျဉ်ပါ။

ကျွန်ုပ်တို့ဘ၀ရဲ့ တကယ့်ရန်သူအစစ်တွေဆိုတာ ရန်သူလို့အမည်ခံထားသူတွေမဟုတ်ပါဘူး။ မိတ်ဆွေယောင်ဆောင်ထားတဲ့ ရန်သူတွေပါ။ သူတို့တွေဟာ ကျွန်ုပ်တို့ရဲ့အကျိုးကို လိုလားဟန်နဲ့ တကယ်တမ်းမှာတော့ နောက်ကျောဓါးနဲ့ထိုးသူတွေပါ။ ဒီလိုလူမျိုးကို မိမိရဲ့ အသိုင်းအ၀ိုင်းထဲကနေ ဥာဏ်အမျှော်အမြင် ရှိစွာနဲ့ ဆန်းစစ်ပြီး ရှင်းထုတ်ပစ်ဖို့လိုပါတယ်။ “မြွေပွေး ခါးပိုက်ပိုက်” ဆိုသလိုပဲ သူ့ကြောင့် သင့်ရဲ့ မိတ်ရင်းဆွေစစ်တွေကိုပါ ဆုံးရှုံးသွားစေနိုင်ပါတယ်။

(၉)     ၀ါသနာကို အားဖြည့်ပါ။

          ကျွန်ုပ်တို့ရဲ့ ၂၄/၇ အချိန်ဇယားတွဟာ ကျွန်ုပ်တို့တကယ်ချစ်မြတ်နိုးတဲ့ အရာတွေနဲ့ ဝေးကွာနေစေပါတယ်။ ကျွန်ုပ်တို့ရဲ့ ကလေးဘ၀က ၀ါသနာတွေကို မေ့လျော့ထားနေကြရပါတယ်။ ဒီတော့ အချိန်ရအောင်ယူပြီး ၀ါသနာကို ပြုစုပျိုးထောင်ပါ။ ကိုယ်စိတ်အားထက်သန်ရာကို ပြုလုပ်ရတာလောက် ကျေနပ်စရာကောင်းတာ ဘယ်အရာမှ မရှိပါဘူး။ ဥပမာ- ဂီတာတီးတာပဲ ဖြစ်ဖြစ်၊ ဟင်းချက်တာပဲဖြစ်ဖြစ် သင်နှစ်သက်ရာပေါ့။ မေ့လျော့မထားဘဲ ပြန်လည်တူးဆွကြည့်ပါ။

(၁၀)   တစ်ခါတစ်ရံ တစ်ယောက်တည်း အချိန်ကုန်ဆုံးပါ။

          တန်ပြန်သက်ရောက်ခြင်းဆိုတာ စွမ်းအားပြည့်တဲ့ လက်နက်ပါ။ တစ်ယောက်တည်း နေချိန်မှာ ကျွန်ုပ်တို့ဟာ ကိုယ့်အကြောင်းကိုယ် ပြန်လည်တွေးတောရင်းနဲ့ အမှား၊ အမှန်တွေကို သုံးသပ်ပိုင်းခြားလို့ရနိုင်ပါတယ်။ ဒါကြောင့် အခုကစပြီး သင့်ကို နှောင့်ယှက်နိုင်တဲ့ ဖုန်းတွေ ၊ လူတွေနဲ့ဝေးရာ တစ်နေရာမှာ အချိန်အနည်းငယ်ယူပြီး ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်တဲ့ အလေ့အကျင့်ကို လုပ်ကြည့်ပါ။ ဒီအတွေ့အကြုံဟာ သင့်ကို ဘာနဲ့မှမတူအောင် ပြန်လည်တည့်မတ် ပေးနိုင်တယ်ဆိုတာ သိလာပါလိမ့်မယ် ။

Ref:mensxp

 

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *