အချစ်က လက်ပစ်ဗုံးဆိုတဲ့ တတိယမြောက် တစ်ကိုယ်တော်အခွေကို နှစ်လပိုင်းမှာ ထွက်ရှိဖို့ ပြင်ဆင်နေတဲ့ အဆိုတော် Waiလျှံ

dsc04370_resize.jpg
Shares 0

အဆိုတော် waiလျှံကို လတ်တလောမှာ ဘာတွေလုပ် ဖြစ်နေတယ်ဆိုတာနဲ့ ပတ်သက်ပြီး မေးဖြစ်တဲ့အခါ  ‘ကျွန်တော် လတ်တလောမှာတော့ ကျွန်တော့်ရဲ့ တတိယမြောက် အခွေဖြစ်တဲ့ အချစ်ကလက်ပစ်ဗုံးကို နှစ်လပိုင်းမှာ ထွက်နိုင်ဖို့အတွက် ပြင်ဆင်နေပါတယ်။ ပြီးရင် ဇာတ်ကားရိုက်ဖို့ ရှိမယ်။ နောက်ပြီးရင် နယ်ရှိုးဆိုဖို့ ရှိပါတယ်။ အချစ်ကလက်ပစ်ဗုံး ဆိုတဲ့ အခွေထဲမှာ အရင်လုပ်နေကျ ဟစ်ပ်ဟော့ပုံစံမျိုး မဟုတ်ဘဲ ဟစ်ဟော့ ဘက်နွယ်တဲ့ အလက်ထရို ပုံစံမျိုးတွေပါမယ်။ version တော့ နည်းနည်းပြောင်းထားတယ်။ R&B ဆိုလည်း Electro R&B ၊ ဟစ်ပ်ဟော့ ဆိုလည်း Electro hiphop ၊ R&B POP ပုံစံမျိုးလေးတွေ လုပ်ထားတယ်။’လို့ သူက ပြောပါတယ်။

နောက်ပိုင်းမှာ ဂီတအမျိုးအစားတွေ အများကြီးပေါ်ပေါ်လာတာနဲ့ ပတ်သက်ပြီးတော့လည်း သူက ‘စိုးရိမ်တာမျိုးတွေ တော့မရှိပါဘူး။ ဂီတအမျိုးအစားတွေ ဘယ်လောက်ပဲ ပေါ်ထွက်လာလာပါ။  ဂီတတစ်ခုတည်းကနေပဲ ခွဲထွက်သွားတာလေ။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် ဂီတပါပဲ’တဲ့။

သရုပ်ဆောင်ပိုင်းနဲ့ ရှေ့ဆက်ပြီး လျှောက်လှမ်းသွားမယ့် အနုပညာခြေလှမ်းတွေအကြောင်း မေးကြည့်တဲ့အခါမှာတော့ ‘ကျွန်တော့်အတွက် အိုက်တင်လုပ်ရတာ ခက်ခဲပါတယ်။ ဒါပေမဲ့ ဒရမ်မာ ဟဲဗီးလိုမျိုး တွေမပါသေးတော့ ဖန်စီပုံစံ မျိုးလေးတွေဆိုတော့ ကိုယ်ကိုတိုင်ကလည်း အပြင်မှာ အဲဒီလို ပုံစံမျိုးနေတဲ့သူ တစ်ယောက်ဆိုတော့ ဖန်စီဇာတ်ကား မျိုးတွေတော့ အဆင်ပြေပါတယ်။ ဇာတ်ကား ရိုက်ကူးမယ်ဆိုရင် ကျွန်တော်က ဇာတ်ညွှန်းကို အရင်တောင်းပြီး  ကြိုဖတ်ပါတယ်။ ကိုယ်က အသစ်တစ်ယောက်ဖြစ်နေတော့ သရုပ်ဆောင်တဲ့ ပညာပိုင်းမှာ သိပ်ပြီး မကျွမ်းကျင်ဘူးလေ။ ကိုယ်က သီချင်းပဲဆိုတတ်တာ၊ ရေးတတ်တာ ဆိုတော့ ဇာတ်ညွှန်း ကြိုဖတ်ပြီး လေ့လာထားမှ ကိုယ့်အတွက် အဆင်ပြေမှာပေါ့။ သရုပ်ဆောင်တာကိုတော့ အရင်က ၀ါသနာ မပါဘူး။ နောက်ပိုင်းမှာ ဝင်ပြီး သရုပ်ဆောင်ဖြစ်ရင်းနဲ့ မှ သရုပ်ဆောင် ပိုးတွေဝင်သွားပြီးတော့ ဝါသနာ ပါသွားခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်တော် သီချင်းတစ်ပုဒ် လုံးကို arrangement လုပ်ရတဲ့ အပိုင်းမျိုးတွေတော့ ဝါသနာပါတယ်။ လုပ်ဖြစ်မယ် မလုပ်ဖြစ်ဘူး ဆိုတာတော့ မသိသေးပါဘူး။ waiလျှံ က ပရိသတ်တွေ အသိအမှတ် ပြုပေးထားတဲ့ နေရာတစ်ခု လောက်မှာပါပဲ။ ဘာမှတော့ မဟုတ်သေးပါဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း အားမရသေးဘူး။ အများကြီး ကြိုးစားရဦးမှာပါ။ နောက်ပိုင်းမှာ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး ပိုကောင်းအောင်ကြိုးစားသွားမယ်။ ဒီနှစ်သင်္ကြန် အတွက်သင်္ကြန် သီချင်းကို သဉ္ဇာနွယ်ဝင်း နဲ့ဆိုဖြစ်မယ်’လို့ သူက ပြောပြ သွားခဲ့ပါတယ်။                                                                      

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *