အမှားတွေကနေ သင်ယူလေ့လာနိုင်မယ့် ကွန်ပျူတာတွေ ၂၀၁၄မှာ ပေါ်ဖို့ရှိ

computer.jpg
Shares 0

 

အမှားတွေကနေ သင်ယူလေ့လာနိုင်မယ့် ‘neuromorphic processor’ သစ်ကိုသုံးထားတဲ့ ကွန်ပျူတာတွေ ၂၀၁၄ခုနှစ်ထဲမှာပဲ ဈေးကွက်ထဲကိုရောက်မယ်လို့ New York Times ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီနည်းပညာသစ်ကြောင့် ကွန်ပျူတာတွေဟာ အချိန်ကြာကြာ အစီအစဉ်ဆွဲရခြင်းနဲ့ စက်ပျက်တာ၊ ခေတ်ကုန်တာတို့ မဖြစ်တော့တဲ့အပြင် အမှားသေးသေးလေးတွေကအစ ခံနိုင်ရည်ရှိလာမှာဖြစ်ပါတယ်။ တွက်ချက်မှုစနစ်သစ်ဟာ ဇီဝဗေဒဆိုင်ရာ စနစ်တွေပေါ်မှာ အခြေခံလာပါတယ်။ အဲ့ဒီ့ လူလုပ် သဘာဝကွန်ရက်သစ်တွေနဲ့ မျက်နှာဖတ် အဆင့်မြင့်စနစ် ကိုလည်းသုံးနိုင်မှာဖြစ်ပြီး အစပျိုးလုပ်ဆောင်နေပါပြီ။

ဦးနှောက်မှာ ဆန်းသစ်တဲ့အတွေးအမြင်ရှိရင် မပျက်စီးသွားနိုင်ပါဘူး။ ဒီကွန်ပျူတာတွေမှာ အေးဆေးတည်ငြိမ်တဲ့ ဆက်သွယ်မှုသစ်တွေနဲ့ အဓိပ္ပါယ်ကောက်ချက်သစ်တွေဟာ တတ်နိုင်သမျှ ပေါ်လာမှာ ဖြစ်ပါတယ်။ ဒီကွန်ပျူတာ ချစ်ပ်တွေကို နည်းပညာ ကုမ္ပဏီကြီးတွေမှာ သုံးတောင် သုံးနှင့်နေပြီလို့ New York Times ကဆိုပါတယ်။

“အင်ဂျင်နီယာပိုင်းဆိုင်ရာ တွက်ချက်မှုစနစ်ကို အသုံးပြုနေရာကနေ ဇီဝဗေဒပိုင်းဆိုင်ရာ တွက်ချက်မှုစနစ်ကို အသုံးပြုဖို့ ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်။” လို့ ကယ်လီဖိုးနီးယားတက္ကသိုလ် အာကာသရူပဗေဒပညာရှင် Larry Smarr က New York Timesကို ပြောသွားပါတယ်။

Ref:natureworldnews

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *