သင့်ကိုအကြိုက်တွေ့စေမယ့် အာရုံနောက်စရာ Game (၅)မျိုး

Shares 0

 

        များသောအားဖြင့် သင့်ရဲ့စိတ်ဖိစီးမှုတွေကနေသက်သာဖို့နဲ့ လိုအပ်နေတဲ့ အေဒရီနလင် ပမာဏကိုရဖို့အတွက် Game တွေကို ဖန်တီးထားတာဖြစ်ပါတယ်။ ဒါပေမယ့် စဆော့လိုက်ပြီဆိုတာနဲ့ သင့်ကိုအဆုံးစွန်အထိ အာရုံနောက်စေတာမှန်ပေမယ့် စွဲစွဲလမ်းလမ်းဖြစ်စေနိုင်တဲ့ Game အနည်းငယ်လည်းရှိပါသေးတယ်။ အခုတင်ဆက်မှာကတော့ စိတ်ညစ်စရာဖြစ်ပေမယ့် ဆော့ရတာပျော်စရာကောင်းတဲ့ Game ၅မျိုးပါ။

၁။100 Doors 2013

ဒီတစ်ခုကတော့ ရိုးရှင်းပါတယ်။ ပြောချင်တာက ရိုးရှင်းပေမယ့် အာရုံနောက်စရာကောင်းပါတယ်။ သင့်ရှေ့မှာ တံခါးပေါင်း ၁၀၀ ရှိပြီး သင်လုပ်ရမှာက အဲဒီ့တံခါးတစ်ခုချင်းစီမှာရှိတဲ့ ပဟေဠိကိုဖြေရှင်းပြီး ဖြတ်သန်းသွားရမှာဖြစ်ပါတယ်။ တော်တော်လေးလွယ်ကူတဲ့ တံခါးတွေနဲ့စတင်မှာဖြစ်ပေမယ့် တဖြည်းဖြည်း ခက်ခဲလာမှာဖြစ်ပါတယ်။

၂။ Traffic Wonder HD

ယဉ်ကြောပိတ်ဆို့နေတဲ့ လမ်းလယ်ခေါင်မှာ သင့်ရဲ့သည်းခံနိုင်စွမ်းက နည်းသထက်နည်းလာတဲ့ အဖြစ်ထက် ဆိုးတာမရှိပါဘူး။ Traffic Wonder ကလွဲရင်ပေါ့။ Traffic Wonder မှာသင်ဟာ မြို့ပြရဲ့ ယဉ်ကြောစနစ်ကို အပေါ်စီးကနေထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ အစပိုင်းမှာတော့ လွယ်သလိုလိုရှိပေမယ့် စိတ်ပျက်စရာကောင်းတဲ့ ငကြောင်ကားသမားတစ်ကောင်ကစ စည်းကမ်းဖေါက်ပြီး သင့်ရဲ့ယဉ်ကြောစနစ်ကို ဗြောင်းဆန်အောင်လုပ်ကြမှာဖြစ်ပါတယ်။ အဲဒီ့အချိန်ကစပြီး  ဒီအခြေအနေကို အသည်းအသန်ဖြေရှင်းရတော့မှာ ဖြစ်ပါတယ်။

သင့်ရဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ ဒီလိုအခက်အခဲမျိုးကနေ ဒီ game ကစားပြီး စိတ်သက်သာစရာ အနည်းငယ်ရမှာဖြစ်ပါတယ်။

၃။ Limbo

ဒီတစ်ခုကတော့ ကြောက်လန့်စရာကောင်းပြီး လှပတဲ့ game တစ်ခုပါ။ အဖြူနဲ့ အမည်းသာပါပြီး တကယ့်အဖြစ်အပျက်မဟုတ်တဲ့ ပုံပြင်တစ်ကို တင်ဆက်ထားတာဖြစ်ပါတယ်။ သင်ဟာ ကမ္ဘာပျက်ကာလလွန်အခြေအနေမှာ ပျောက်ဆုံးနေတဲ့ အစ်မဖြစ်သူကို ရှာနေတဲ့ ကလေးတစ်ယောက်ပါ။ ဒီ game လိုမျိုးပဲ သူ့ရဲ့နောက်ခံဂီတက ထိုင်းမှိုင်းပြီး စိတ်ဓာတ်ကျစရာကောင်းပါတယ်။ Limbo ကသင့်ကို သဲလွန်စများများပေးထားတာမဟုတ်ပါဘူး။ ဆော့ရင်းဆော့ရင်းနဲ့ အာရုံနောက်လာမှာပါ။ ဒီလိုအာရုံတွေနဲ့ အသံတွေရဲ့ခြောက်လှန့်မှုကရတဲ့ အိပ်ပျက်ညတစ်ညကို အလိုရှိတယ်ဆိုရင်တော့ သင်ဒီ game ကိုကစားပါ။

၎။The Room

ကျွန်န်ုပ်တို့ game ကစားတဲ့တစ်ခုထဲသောရည်ရွယ်ချက်က လျှို့ဝှက်ဆန်းကျယ်မှုတွေကို အထုပ်ဖြည်ဖို့နဲ့ ရှေ့မှာဘာဖြစ်မလဲဆိုတာကို ရှာဖွေတွေ့ရှိဖို့ဖြစ်ပါတယ်။ The Room ဟာ သဘာဝဆန်တဲ့ ရုပ်ထွက်တွေနဲ့ မိနစ်အနည်းငယ်အတွင်းမှာ ဦးနှောက်ခြောက်စေနိုင်တဲ့ ပဟေဠိတွေကို ပေးစွမ်းနိုင်ပါတယ်။ အာရုံနောက်လာတဲ့အခါ သင်ဖုန်းကိုနံရံမှာ ပစ်ပေါက်ခွဲနိုင်ဖို့ ဒီ game ကိုလိုအပ်မှာပါ။  မှန်ပါတယ်။ဒီ game ကအဲဒီလောက်ကောင်းပါတယ်။

၅။The Impossible Game

ဒီ game ကိုဒီနာမည်ပေးထားတာ အကြောင်းပြချက်ရှိပါတယ်။ ဖြစ်နိုင်ချေကတော့နှစ်မျိုးရှိပါတယ်။ အဖြေရှာဖို့အတွက်မဖြစ်နိုင်တာလို့လဲဆိုနိုင်သလို၊ တစ်ခါစပြီးကစားရုံနဲ့ အောင်တဲ့အထိ ကစားဖို့မဖြစ်နိုင်တာလို့လဲဆိုနိုင်ပါတယ်။ သင်လုပ်ရမှာက ကုဗတုံးကို အတားအဆီးတွေပေါ်က ခုန်ကျော်နိုင်အောင် လမ်းညွှန်ပေးရမှာပါ။ လွယ်လောက်တယ်မှတ်လား။ ပြီးရင်တော့စပြီး ရှုပ်ယှက်ခတ်ပါတော့မယ်။ တစ်ခါသေရင်အစကပြန်စရမှာဖြစ်ပါတယ်။ ဆက်သာဆော့လို့ကတော့ level တွေကပိုကြာပြီး ပိုခက်ခဲပင်ပန်းမှာဖြစ်ပါတယ်။ ဒီ game ကိုကစားပြီး နာရီပေါင်းများစွာ စိတ်ဆင်းရဲခံဖို့သာပြင်ပေတော့။

(Ref: mensxp)

 

 

 

 

 

 

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *