မန်ယူပရိသတ်များအတွက်သတင်း ကောင်း-ဗန်ပါဆီလေ့ကျင့်ခန်းပြန်ဆင်း၊ တော့တင်ဟမ်နဲ့ပွဲမှာ ရူနီပါဝင်ဖွယ်ရှိ

url.jpg
Shares 0

        ပြိုင်ပွဲပေါင်းစုံမှာ နိုင်ပွဲ(၆)ပွဲ ဆက်ရရှိထားတဲ့ မန်ယူအတွက် ပိုမိုအင် အားကောင်းလာစေမယ့်သတင်းကောင်း တစ်ရပ်အဖြစ် ရှက်တာဒိုးနပ်စ်နဲ့ပွဲပြီးက တည်းက မန်ယူအတွက်မကစားပေးနိုင် ခဲ့တဲ့ နယ်သာလန်တိုက်စစ်မှူး ရော်ဘင် ဗန်ပါဆီပြန်ကစားနိုင်တော့မယ်ဆိုတာ သိလာရပါပြီ။ အခုဆိုရင် ဗန်ပါဆီဟာ အပေါ့စားလေ့ကျင့်ခန်းများ ပြန်လည်ပြု လုပ်နေနိုင်ပြီဆိုတဲ့အကြောင်း ဒေးဗစ်မို ရက်စ်က ပြောလာခဲ့ပါတယ်။ “ ရော်ဘင် က အပေါ့စားလေ့ကျင့်ခန်းလေးတွေပြန် လုပ်နေပါပြီ။ ပြန်ကစားနိုင်ဖို့သိပ်မလို တော့ပါဘူး။ရူနီနဲ့ရော်ဘင်တွဲကစားတာ ကို သိပ်မမြင်ခဲ့ကြရလို့ သူတို့တွဲဖက်တာမ ကြာခင်မြင်ရတော့မှာပါ။ ရူနီကတော့ တော့တင်ဟမ်နဲ့ပွဲမှာ ပြန်ပါမယ်ထင်ပါ တယ်”လို့ မိုရက်စ်က ပြောသွားခဲ့တာဖြစ် ပါတယ်။

          မန်ယူဟာ ဒီဇင်ဘာ(၁၁)ရက် နေ့က ရှက်တာဒိုးနပ်စ်ကို အိုးလ်ထရက် ဖို့ဒ်မှာ (၁-၀)ဂိုးနဲ့အနိုင်ယူခဲ့တဲ့ပွဲကစလို့ နိုင်ပွဲတွေဆက်လာခဲ့တာ နောက်ဆုံးနော့ ၀ှစ်ခ်ျကို (၁-၀)နဲ့အနိုင်ရခဲ့တဲ့ပွဲအထိဆို ရင် (၆)ပွဲအထိရှိလာခဲ့ပြီဖြစ်ပါတယ်။မန် ယူရဲ့ နောက်ဆုံး(၆)ပွဲရလဒ်များကိုကြည့် မယ်ဆိုရင် အောက်ပါအတိုင်းတွေ့ရှိနိုင် ပါတယ်။

မန်ယူ   ၁-၁     ရှက်တာဒိုးနပ်စ်

ဗီလာ   ၀-၃     မန်ယူ

စတုတ် ၀-၂     မန်ယူ

မန်ယူ   ၃-၁     ၀က်စ်ဟမ်း

ဟားလ် ၂-၃     မန်ယူ

နော့ဝှစ်ခ်ျ        ၀-၁     မန်ယူ

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *