“Slipknot ပြိုကွဲတော့မယ်လို့ထင်ရင်တော့ ခင်ဗျားအကြီးအကျယ်မှားယွင်းနေပြီ” လို့ ပြောတဲ့ Corey Taylor

slipknot.gif
Shares 0

 

Slipknot ရဲ့အဆိုတော် Corey Taylor က drummer Joey Jordison ၀ိုင်းကထွက်ခွာတဲ့ ကိစ္စအပြီး သူတို့ဝိုင်းမှာ တောက်ပတဲ့အနာဂတ်တစ်ခုရှိသေးကြောင်း အခိုင်အမာပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့လအစောပိုင်းက  drummer Jordison ကပုဂ္ဂိုလ်ရေးအကြောင်းပြချက်နဲ့ ၀ိုင်းကထွက်ခွာသွားပြီဖြစ်ကြောင်း ကြေငြာခဲ့တဲ့အတွက် ပရိတ်သတ်တွေ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

ဒီသတင်းထွက်ပြီးမကြာခင်မှာ အတိအကျပြောဖို့ကမဖြစ်နိုင်ကြောင်း Taylor ကရှင်းပြခဲ့ပါတယ်။ “ကျွန်တော်တို့ သူ့ကိုရော ကျွန်တော်တို့ကိုကျွန်တော်တို့ပါကာကွယ်ပေးဖို့ကြိုးစားနေပါတယ်။ တရားဝင်အနေနဲ့ရော လေးစားသမှုနဲ့ပါ ကျွန်တော်ဒီအကြောင်းကိုအများကြီးပြောပြလို့မရပါဘူး” လို့ Taylor ကဆိုပါတယ်။

အခုအခါမှာတော့ Taylor က tweet တစ်ခုမှာ “Knot ပြိုကွဲသွားပြီလို့ထင်နေတဲ့သူတွေအတွက်ပြောချင်တာက ခင်ဗျားတို့အကြီးအကျယ်ကြီး စိတ်မကောင်းဖြစ်စရာကောင်းအောင်မှားယွင်းနေပါပြီ။ ၂၀၁၄ နှစ်သစ်မှာ ကောင်းမွန်တဲ့အရာတွေလာနေပါပြီ။ အဆက်အသွယ်မပျက်ရှိနေပါစေ” လို့ Taylor ကပြောပါတယ်။

လက်တလော Scar The Martyr အပေါ်အာရုံစိုက်နေတဲ့ Jordison ကတော့ ၂၀၁၀ ခုနှစ် ၀ိုင်းရဲ့ bass သမား Paul Gray သေဆုံးပြီးနောက်သူတို့ဝိုင်းရဲ့ပထမဆုံး album အတွက်သီချင်းပေါင်း ၄၀ ရေးမယ်လို့ ဒီနှစ်ရဲ့အစောပိုင်းက ဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီ့အထဲက တစ်ပုဒ်မှမတွေ့ပါဘူးလို့ Taylor ကနောက်ပိုင်းမှာအတည်ပြုပြောကြားလိုက်ပါတယ်။ “ကျွန်တော်တို့လူတစ်စုအတူတူဖန်တီးထားတဲ့ လုံးဝ fresh ဖြစ်တဲ့ကုန်ကြမ်းပစ္စည်းတွေပါ။ ကျွန်တော်ကလဲ အချို့ဟာတွေရေးထားတယ်။ Jim Root မှာလဲအများကြီးရှိတယ်။ တကယ်ကိုမိုက်ပါတယ်” လို့ album အသစ်အတွက်ရေးထားတဲ့သီချင်းတွေနဲ့ပါတ်သတ်ပြီး Corey Taylor ကပြောပါတယ်။

Ref:metalhammer

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *