အကယ်ဒမီ = ၇နှစ်လို့ ဆိုရင်လည်း မမှားဘူးလို့ ပြောသွားခဲ့တဲ့ ကယန်းအလှဖန်တီးရှင် အကယ်ဒမီ အောင်ကိုလတ်

_mg_6554_resize.jpg
Shares 0

၂၀၁၂ခုနှစ်အတွက် အကောင်းဆုံးဓာတ်ပုံဆုရှင်ကို ဆွတ်ခူးခဲ့တဲ့ အောင်ကိုလတ်ဟာ ကယန်းအလှ ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ တစ်ယောက်ပါ။ အကယ်ဒမီဆုကို လက်ခံပြီး စင်ပေါ်မှာ ၇နှစ်ရှိပါပြီဆိုတဲ့ စကားလေးသာ ပရိသတ်အတွက် ပြောကြားပေးသွားတဲ့ အကယ်ဒမီ အောင်ကိုလတ်ရဲ့ ပီတိစကားလေးတွေနဲ့ ဆက်လက်ရိုက်ကူးသွားမယ့် ဇာတ်ကားတွေအကြောင်း မေးမြန်းကြည့်တဲ့အခါ ‘ ဒီလိုကားတွေပဲ ဆက်ရိုက်သွားမှာပါ။ အခုလဲ ရှုံးနေပါတယ်။ ဒါပေမဲ့ ထမင်းစားပြီး လမ်းဆက်လျှောက်လို့ ရနေသရွေ့ ဒီလိုကားမျိုးပဲ ဆက်ရိုက်နေမှာပါ။ ဒီဆုရတဲ့အတွက် ကျေနပ်ပါတယ်။ အစကတည်းက မျှော်မှန်းပြီး ရိုက်ခဲ့တာ မဟုတ်တဲ့အတွက် ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတော်ကိုရော၊ ဘုတ်အဖွဲ့ကိုရော ကျေးဇူးတင်ပါတယ်။ ဒီကားလေးဟာ ပထမဆုံးရိုက်တဲ့ ကားလေး၊ ၇နှစ်လောက်လဲ အချိန်ယူခဲ့ရတယ်။ အကယ်ဒမီ= ၇နှစ်လို့ ပြောရင်လဲမမှားပါဘူး။

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *