New Year ကို မိုင်ဒါကွင်းရဲ့ Count Down ပွဲမှာရှိမယ်ဆိုတဲ့ စိုးနန္ဒာကျော်

1001464_216858775128466_2051788766_n.jpg
Shares 0

သရုပ်ဆောင် စိုးနန္ဒာကျော်ဟာ The Sign of Love ဇာတ်လမ်းတွဲကနေ ပရိသတ်ရင်ထဲ ရောက်ရှိခဲ့သူပါ။ သူမနဲ့ တွေ့ဆုံခိုက် အနုပညာလှုပ်ရှားမှုကို တွေ့ကြည့်တဲ့အခါ သူမက ‘အခုရိုက်နေတဲ့ ကားလေးထဲမှာ ညီမရဲ့ ကာရိုက်တာက အရမ်းကိုဆိုးသွမ်းတဲ့ပြီး ကလပ်တက်တယ်။ မိဘက ပိုက်ဆံပဲရှာပြီး သားသမီးကို ဂရုမစိုက်တဲ့အတွက် ကိုယ်တွေက ပျက်စီးနေတဲ့ ပုံစံမျိုးလေးပေါ့။ အမြဲတမ်း လန်ထွက်ပြီး ကလပ်တက်လိုက်၊ သူငယ်ချင်းတွေနဲ့ လျှောက်သွားလိုက် လုပ်နေတဲ့ ကာရိုက်တာမျိုးပါ။ ဒါရိုက်တာရော၊ မင်းသားရော ကိုချစ်တိုးပါ။ ဒီကားထဲမှာညီမက ခေါင်းဆောင်မင်းသမီးနေရာက ပါဝင်ထားပါတယ်။’လို့ ပြောပါတယ်။

New Year  နဲ့ အကယ်ဒမီပေးပွဲအကြောင်းကိုလည်း သူမ ‘ညီမ မိုင်ဒါကွင်း က Count Down ပွဲမှာရှိနေပါမယ်။ အကယ်ဒမီနဲ့ပတ်သတ်ပြီးတော့ စိတ်ခံစားချက်က အကယ်ဒမီပေးပွဲရောက်တဲ့ အခါမှာ အရမ်းကို စိတ်ချမ်းသာတယ်။ ကိုယ်က ဒီထဲမှာ ဘာမှမဟုတ်ပေမဲ့လဲ သူများတွေအတွက် ကိုယ်စားဝင်ပြီး ရင်ခုန်မိပါတယ်။ အကယ်ဒမီပွဲတက် ၀တ်စုံအတွက် ညီမကို မိတ်ကပ်ရော၊ အ၀တ်အစားပါ အကုန်လုံး Aroma က စပွန်ဆာပေးထားပါတယ်’တဲ့။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *