Paranormal Activity: The Marked Ones

paranormal_activity.jpg
Shares 0

 

ဒီဇာတ်လမ်းဟာ ၂၀၁၂ ခုနှစ် ဇွန်လ Oxnard, California မှာရှိတဲ့ ပါတီတစ်ခုကနေအစပြုတာဖြစ်ပါတယ်။ ပါတီလုပ်နေတဲ့နေရာရဲ့အောက်ထပ်တိုက်ခန်းမှာ အမျိုးသမီးတစ်ယောက်သေဆုံးသွားခဲ့ပြီး ပါတီကိုလာတဲ့သူအချို့ကစုံစမ်းမေးမြန်းဖို့သွားကြပါတယ်။ သူတို့တွေ့ရှိတာကတော့ အောက်လမ်းမှော်အတတ်နဲ့ဆက်စပ်နေတဲ့ ပစ္စည်းတွေပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့ Jesse ဟာသူ့ရဲ့လက်ပေါ်မှာ လူကိုက်ခံထားရတာမဟုတ်တဲ့ဒဏ်ရာကိုတွေ့ရပါတယ်။ ထူးဆန်းတဲ့စွမ်းအားတွေရဲ့ခေါ်ဆောင်မှုနောက်ကို Jesse တစ်ယောက်လိုက်ပါနေချိန်မှာ သူ့မိသားစုနဲ့မိတ်ဆွေတွေက သူ့ကိုကယ်တင်တာဖြစ်ပါတယ်။

Paranormal Activity: The Marked Ones ဟာ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃ ရက်မှာထွက်မယ့် သဘာဝအလွန် ထိပ်လန့်သဲဖိုဇာတ်ကားဖြစ်ပြီး ဒါရိုက်တာကတော့ Christopher Landon ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Andrew Jacobs, Molly Ephraim, Richard Cabral တို့ဖြစ်ပါတယ်။

ွှTrailer ကိုအောက်က link မှာကြည့်ရှုနိုင်ပါတယ်။

Ref:imdb, wikipedia

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *