ဇယားထိပ်ပိုင်းအသင်းအားလုံးကို ယှဉ်နိုင်စွမ်းရှိနေပါတယ်လို့ ယုံကြည်ချက်ပြည့်ဝလာတဲ့ ဒေးဗစ်မိုရက်စ်

article-2529399-1a4b342f00000578-13_634x410.jpeg
Shares 0

ဟားလ်စီးတီးအသင်းကို ပွဲချိန်(၁၅)မိနစ်မပြည့်ခင်မှာ (၂)ဂိုးပြတ်ရှုံးနိမ့်နေခဲ့ပြီးမှ (၃)ဂိုးပြန်သွင်းပြန်သွင်းကာ မန်ယူအနိုင်ရခဲ့တဲ့ပွဲကတော့ ပရိသတ်တိုင်းကို စိတ်လှုပ်ရှားမှုအပြည့်ပေးစွမ်းနိုင်ခဲ့ပါတယ်။ ဟားလ်စီးတီးအ တွက် ချက်စတာက(၄)မိနစ်၊ မိုင်လာ(၁၃)မိနစ်တို့က သွင်းယူပေးခဲ့ကြကာ ဦးဆောင်နေခဲ့တာကြောင့် လက်ရှိချန်ပီယံအသင်း ရေတိမ်နစ်တော့မယ်အထင်ရှိခဲ့ကြပေမယ့် ခရစ္စမောလင်း(၁၉)နဲ့ ၀ိန်းရူနီ(၂၆)မိနစ် တို့ ပြန်လည်ချေပခဲ့ကြကာ ဒုတိယပိုင်း(၆၆)မိနစ်မှာ ဟားလ်စီးတီးအတွက် အဖွင့်ဂိုးသွင်းပေးခဲ့သူ ချက်စတာက ကိုယ့်ဂိုးကိုယ်သွင်းခဲ့မိတာကြောင့် ပွဲအပြီးမှာတော့ မန်ယူကို(၂-၃)ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

“(၂)ဂိုးရှုံးနေခဲ့ပြီးမှ ဂိုးတွေပြန်သွင်းပြီး နိုင်ခဲ့တာကြောင့်  တကယ့်ကို ကောင်းတဲ့နိုင်ပွဲပါပဲ။ ကျွန်တော်က မလွယ် တော့ဘူးလို့ ထင်ထားခဲ့ချိန်မှာ ကစားသမားတွေဟာ အတိတ်မှာလုပ်ပြခဲ့ဖူးတဲ့အတိုင်း အကောင်းဆုံးပြန်လည် တုန့်ပြန်ခဲ့ကြတာပါ။ ပထမပိုင်းမှာတင် (၂-၂)ပြန်ဖြစ်သွားခဲ့လို့ အဆင်ပြေခဲ့ပြီး (၂-၃)နဲ့ ဦးဆောင်နေခဲ့ချိန်မှာ တော့ ပြိုင်ဘက်က ဖိအားပြန်ပေးလာခဲ့တယ်။ အခုချိန်ကစပြီး အမှတ်ကွာဟချက်တွေကို တဖြည်းဖြည်းနဲ့ ကျဉ်းမြောင်းလာအောင်ကြိုးစားရတော့မယ်။ ထိပ်ပိုင်းမှာရှိနေတဲ့အသင်းတိုင်းကို ယှဉ်နိုင်တယ်လို့ ယုံကြည် ထားပါတယ်”လို့ မန်ယူနည်းပြ မိုရက်စ်က ပြောခဲ့ပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *