ကမ္ဘာ့ အရက်စက် အကြမ်းကြုတ်ဆုံးသော တိရစ္ဆာန်ရုံ

article-2529589-19c16e5700000578-453_964x600.jpg
Shares 0

 

Richard Shears ဆိုသူဟာ အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ Surayaba တိရစ္ဆာန်ရုံကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ အဲ့ဒီ့တိရိစ္ဆာန်ရုံမှာ လွန်ခဲ့တဲ့ ၃လအတွင်း တိရစ္ဆာန်အကောင်ရေ (၅၀)ခန့်သေဆုံးသွားခဲ့ကြတယ်လို့လည်း သူဟာ သိခဲ့ရပါတယ်။ ရှေ့နောက် ခြေချင်း (ခြေထိတ်) တင်းတင်းကျပ်ကျပ် ခတ်ထားတဲ့အတွက် ခြေတစ်လှမ်းမှ မရွှေ့နိုင်တဲ့ ဆင်တစ်ကောင်၊ လှောင်အိမ်ငယ်လေးရဲ့ ပြတင်းပေါက်မှာ ညည်းတွားနေတဲ့ ကျားတစ်ကောင်၊ နံရိုးအပြိုင်းပြိုင်းနဲ့ ကြုံလှီနေတဲ့ ကုလားအုတ်တစ်ကောင် စတာတွေကို Richard Shearsဟာ တွေ့ခဲ့ရပါတယ်။ သစ်ကုလားအုတ်တွေထဲက တစ်ကောင်ဟာလည်း အစာအိမ်ထဲမှာ ပလတ်စတစ်အိတ်  ၂၀ကီလိုဂရမ်နဲ့အတူ မနှစ်ကသေဆုံးခဲ့ပြီး ဆူမာတြားကျားတစ်ကောင်ဟာ ဖော်မယ်ဒီဟိုက်ပါတဲ့ အသားကို စားမိလို့ အစာခြေလမ်းကြောင်း ပျက်စီးသွားခဲ့ရပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး တိရစ္ဆာန်ရုံရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က တိရစ္ဆာန်တွေဟာ သဘာဝဘေးကြောင့် သေဆုံးသွားတာဖြစ်တယ်လို့ ကာကွယ်ပြောဆိုသွားပါတယ်။ 

နာကျင်ဖွယ်။     ။အင်ဒိုနီးရှား၊ အရှေ့ဂျာဗားမှာရှိတဲ့ Surabaya တိရစ္ဆာန်ရုံအတွင်း ခြေသုံးချောင်း ခြေထိတ်ခတ် ခံထားရတဲ့ ဆင်ထီးတစ်ကောင်ကိုတွေ့ရစဉ်။ တချိန်လုံး ခြေထိတ်ခတ်ခံထားရတဲ့အတွက် ခြေထောက်တစ်ချောင်းမှာ စုတ်ပြတ် ပေါက်ပြဲဒဏ်ရာကို တွေ့ရပါတယ်။ 

 

ပိန်ချုံးချည့်နဲ့။   ။နံရိုးအပြိုင်းပြိုင်းကျနေသော ကုလားအုတ်တစ်ကောင် မြက်စားနေသည်ကို အနီးကပ်မြင်တွေ့ရစဉ်။ 

ဝယ်နည်းဖွယ်။  ။အမေရိကန်တောင်ပိုင်း မျောက်သူတော်ညို တစ်ကောင်ဟာ ငှက်ပျောသီးမရခင် သနားစရာ တောင်းခံနေတဲ့ပုံ။

တိရစ္ဆာန်ရုံ တာဝန်ရှိသူတွေဟာ သစ်ကုလားအုတ် တစ်ကောင် သေသွားပြီးတဲ့နောက် အရိုးတွေကို အလှဆင်ထားပုံ။

အဟန့်အတား။  ။ဆူမာတြားကျားတစ်ကောင်ကို အုတ်လှောင်အိမ်ထဲမှာ တွေ့ရစဉ်။ မနှစ်ကသေဆုံးခဲ့ပြီး ဆူမာတြားကျားတစ်ကောင်ဟာ ဖော်မယ်ဒီဟိုက်ပါတဲ့ အသားကို စားမိလို့ အစာခြေလမ်းကြောင်း ပျက်စီးသွားခဲ့ရပါတယ်။

မျှော်လင့်ဖွယ်မရှိ။         ။ ရေညစ်တွေပြည့်နှက်နေတဲ့ အရမ်းဆိုးတဲ့ ခြံဝင်းထဲက အထီးကျန် အာဖရိကန် ရေမြင်းပုကိုတွေ့ရစဉ်။ 

ဝမ်းနည်းဖွယ်။             ။ “တိရစ္ဆာန်တွေဟာ အသက်ကြီးလာလို့ (သို့) ရောဂါရှိနေလို့ သေဆုံးသွားကြတာဖြစ်တယ်။ အခြေအနေတွေ တိုးတက်ကောင်းမွန်လာပါပြီ။” လို့ အကောင်ရေ ၃၀၀၀ရှိ တိရစ္ဆာန်ရုံကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။

\

 

စိတ်ဓာတ်ကျဖွယ်။        ။ မလုံမလောက်ဖြစ်တဲ့ တစ်နေရာမှာ ထိုင်နေရတဲ့ မျောက်လွှဲကျော်နှစ်ကောင်။ မျောက်မျိုးစိပ် တချို့ကို ကျုံးခံထားတဲ့ ကျွန်းပေါ်မှာ ထားထားတယ်။

အတောင်ပံ ၁၀ပေလောက်ရှိတဲ့ ငှက်ကြီးဝန်ပိုတွေကို ရေကန်သေးသေးလေးနဲ့ ထားထားပါတယ်။ 

 

ကြွက်တွေ သောင်းကျန်းထား။    ။ကြွက်လေးတစ်ကောင်က ကြွက်တွင်းတွေများစွာအနက် တစ်တွင်းရဲ့အ၀မှာ ခေါင်းပြူနေတုန်း အော်ရန်ဂူတန် မျောက်ဝံမ တစ်ကောင်ဟာ ပလတ်စတစ် မာကာပန် (Marker Pen)နဲ့ ဆော့ကစားနေသည်ကို တွေ့ရစဉ်။ 

 

ပေ ၃၀ ပတ်လည်ခြံဝင်းထဲမှာ သမင် ၁၈ကောင်ကို တွေ့ရစဉ်။ 

 

ရှားပါး နှာခေါင်းကြီးမျောက်တွေကို သမင်ခြံထဲမှာ ထူးထူးဆန်း ထားထားသည်ကိုတွေ့ရစဉ်။ 

 

Macaque အမြီးရှည်မျောက်ဟာ တွယ်တက်စရာ သစ်ပင်မရှိတဲ့ ကျွန်းပေါ် တစ်ကောင်တည်း ထိုင်နေတာကို တွေ့ရစဉ်။

Surabaya မြို့သင်္ကေတဖြစ်တဲ့ မိချောင်းနဲ့ငမန်းဖြူ တိုက်ခိုက်နေပုံ ရုပ်ထုကြီးကို Syrabaya တိရစ္ဆာန်ရုံပေါက်ဝမှာ တွေ့ရစဉ်။ 

Dailymail သတင်းထောက် "Richard Shears" 

Ref:dailymail

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *