Myanmar People Forum ပြုလုပ်ကျင်းပမည်

img_3185.jpg
Shares 0

MCCခမ်းမမှာပြုလုပ်ကျင်းပမယ့် Myanmar People Forum အခမ်းအနားပွဲကို ဖွံ့ ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတရေးနဲ့  ဒီမိုကရေစ်ီပိုဆန်တဲ့နိုင်ငံရေးဆိုပြီး ခေါင်းစဉ်ကြီးလေးခု အောက်မှာ သက်ဆိုင်ရာ အရပ်ဘက်အဖွဲ့ အစည်းတွေကနေ ဦးဆောင်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၈ရက်နေ့ မှာ အခမ်းအနားဖွင့်လှစ်ကျင်းပပွဲ ပြုလုပ်မှာဖြစ်ပြီး ၂၉ရက်နေ့ မှာတွေ ခေါင်းစဉ်ကဏ္ဍအသီးသီးခွဲခြားထားပြီး အလုပ်ရုံဆွေးနွေးပွဲတွေပြုလုပ်သွားမှာပါ။ ဒီဇင်ဘာလ ၃၀ရက်နေ့ မှာတော့ statementတွေကို ကြေညာပေးသွားမှာဖြစ်ပါတယ်။ စိတ်ပါဝင်စားသူတွေကလည်း အခမ်းအနားပွဲကို လာရောက်လေ့လာဖို့  Myanmar People Forum အခမ်းအနားက ကြိုဆိုနေပါတယ်။ မိမိတို့ စိတ်ဝင်စားတဲ့ ခေါင်းစဉ်တွေမှာလည်း ဝေဖန်အကြံပြုဆွေးနွေးဖလှယ်မှုတွေပြုလုပ်နိုင်ပြီး ပါဝင်ဆွေးနွေးသူတွေရဲ့  ဆန္ဒနဲ့ ထပ်တူညီကျမယ့် statementတွေကိုလည်း ချမှတ်သွားမှာပါ။ Statementတွေမှာ မပါဝင်လိုက်ရတဲ့အကြောင်းအရာဆွေးနွေးမှုတချို့ ကိုလည်း မှတ်တမ်းပြုစုမှုတွေလုပ်ဆောင်ပြီး Asean People Forum မှာ ထည်းသွင်းဆွေးနွေးမှုတွေပြုလုပ်သွားဦးမှာပါ။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *