မြေငလျှင်ဘေး လုံခြုံရေး အလိုအပ်ဆုံး အကြံပေးချက် ငါးရပ်

duck-cover-and-hold1.jpg
Shares 0
မြေငလျှင်ကာကွယ်ဖို့အတွက် အကြံပြုချက်ကတော့ ရှင်းရှင်းလေးပါပဲ။ ပုန်းခိုစရာနေရာရှာပြီး အကာအကွယ်ယူပါ။ မကြာသေးခင်က လှုပ်ခတ်ခဲ့တဲ့ မြေငလျင်တွေကြောင့် တကယ်လို့ သင်ကိုယ်တိုင်သာ မြေငလျင်ဘေးသင့်ခဲ့မယ် ဆိုရင် သတိပြုနိုင်ဖို့အတွက် အကြံပေး တင်ပြလိုက်ပါတယ်။
 

၁။ ပြေးဆင်း၊ အကာအကွယ်ယူ။

မြေငလျှင်လှုပ်ခတ်နေစဉ် အတောအတွင်း အရင်ဆုံး သတိရဖို့ကတော့ အိမ်ပေါ်၊ တိုက်ပေါ်ကနေဆင်းပြီး လုံခြုံမှုရရှိနိုင်မယ့် နေရာမျိုးကိုရှာဖို့ပါပဲ။ သင်နေတဲ့တိုက်ပြိုကျခဲ့ရင် သင်ဟာ ဟင်းလင်းပြင်ကွက်လပ်တစ်ခုမှာ ရှိနေဖို့လိုအပ်ပါတယ်။တကယ်လို့ အခန်းထဲမှာရှိနေခဲ့မယ်ဆိုရင်လည်း စိတ်အေးအေးထားပြီး စာကြည့်စားပွဲလိုမျိုး အရာဝတ္ထုကြီးကြီး အောက်မှာပုန်းခိုနေပါ။ 
 

၂။ တိုက်တာအဆောက်အအုံတွေနဲ့ ဝေးဝေးနေ။

အပြင်မှာရောက်နေခဲ့ရင်လည်း တိုက်တာအဆောက်အအုံတွေနဲ့ ဝေးဝေးနေပါ။ အထူးသဖြင့်မှန်တွေနဲ့ ဆောက်ထားတဲ့ အဆောက်အအုံတွေနဲ့ ဝေးဝေးနေပါ။
 

၃။ ပြိုကျ၊ပြုတ်ကျလာနိုင်တဲ့အရာတွေနဲ့ ဝေးဝေးနေ။

ပြိုကျ၊ ပြုတ်ကျလာနိုင်တယ်လို့ ထင်တဲ့အရာတွေနဲ့ ဝေးနိုင်သမျှ ဝေးဝေးမှာ နေပါ။
 

၎။ လူနေထူထပ်တဲ့နေရာတွေမှာ အသက်ရှင်ရပ်တည်နိုင်အောင် ကြိုးစား။

သင့်ကိုယ်သင် လူနေထူထပ်တဲ့နေရာမှာ ရောက်နေတာကို သိလိုက်တာနဲ့၊ စိတ်အေးအေးထားပါ။ အနီးဆုံး ထွက်ပေါက်ကနေ လုထွက်ဖို့မကြိုးစားပါနဲ့။ မြေငလျင်လှုပ်ခတ်လာရင် လူအုပ်က ကြောက်စိတ်ဝင်ပြီး အလုအယက်တိုးဝှေ့တာကြောင့် အသက်ဆုံးရှုံးရလေ့ရှိပါတယ်။ ဒီလိုဖြစ်လာရင် အရင်ဆုံးသတိရဖို့က တောင့်တင်းခိုင်မာတဲ့ အရာတစ်ခုခုအောက်မှာ နေပြီး အကာအကွယ်ယူဖို့ပါပဲ။
 

၅။ နောက်ဆက်တွဲလှုပ်ခတ်မှု။

ကနဦး မြေငလျှင်လှုပ်ခတ်ပြီး သွားပြီးတဲ့နောက် ဖြစ်ပေါ်လာတတ်တဲ့ နောက်ဆက်တွဲလှုပ်ခတ်မှုတွေကို သတိထားပါ။ ဒီနောက်ဆက်တွဲလှုပ်ခတ်မှုတွေဟာ ကနဦးလှုပ်ခတ်မှုလောက် မပြင်းထန်တော့ပေမယ့် အန္တရာယ်သိပ်ကြီးနေတုန်းပါပဲ။
သောကတက်လွယ်တဲ့သူတွေအတွက် သင်ဟာ ကားထဲမှာပိတ်မိနေတယ်ဆိုရင်၊ ဘယ်လိုနည်းနဲ့မှ ကားထဲက ထွက်မရဖြစ်နေခဲ့ရင် တစ်ခုခုကို အသုံးပြုပြီး ကားမှန်တွေကိုတိုက်သာခွဲလိုက်ပါ။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ကိုယ့်ကိုကိုယ် စောင့်ရှောက်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါ။
 
တိုက်ခန်းတွေမှာ နေတဲ့သူတွေအဖို့ မြေညီထပ်မှာနေတဲ့သူပဲဖြစ်ဖြစ်၊ အထပ်အမြင့်ဆုံးမှာ နေတဲ့သူပဲဖြစ်ဖြစ် အလယ်ဆုံးအထပ်ကို ရောက်အောင်သွားပါ။ ခြောက်ထပ်၊ ခုနစ်ထပ် လောက်သာရှိတဲ့တိုက်ဆိုရင်တော့မြေညီပဲဖြစ်ဖြစ်၊ အလယ်ထပ်ပဲဖြစ်ဖြစ်၊ အပေါ်ဆုံးထပ်ပဲဖြစ်ဖြစ် အန္တရာယ်ရှိပါတယ်။ တစ်ထပ်အိမ်၊ နှစ်ထပ်အိမ်နဲ့ မိုးမျှော်တိုက်တွေဆိုရင်တော့ မြေငလျင်က ထိထိရောက်ရောက် သက်ရောက်မှု မရှိနိုင်တဲ့အတွက် စိုးရိမ်ပူပန်ဖို့မလိုပါဘူး။ 
 
Ref:mensxp
Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *