ဆွာရက်ဇ်ခြေစွမ်းပြနေပေမယ့် လီဗာပူးလ်ကို အနိုင်ကစားမှာပါလို့ ယုံကြည်ထားတဲ့ ယာယာတိုရေး

article-2529267-1a44d11200000578-536_634x413.jpeg
Shares 0

ယနေ့ည(၁၂း၀၀)မှာ ကစားဖို့ရှိနေတဲ့ မန်စီးတီး-လီဗာပူးလ်ပွဲမစတင်ခင်မှာ မန်စီးတီးအသင်းက အဓိကကွင်းလယ် ကစားသမား ယာယာတိုရေးက ပြိုင်ဘက်အသင်းကို အနိုင်ကစားသွားဖို့ ယုံကြည်နေကြောင်း ပြောလာခဲ့ပါပြီ။ မန် စီးတီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီပြိုင်ပွဲအစုံ ကစားခဲ့ရာမှာ အိမ်ကွင်းမှာ စုစုပေါင်းဂိုး(၅၀)အထိ သွင်းထားပြီး တိုက်စစ်အစွမ်းထက်မြက်နေတာကြောင့်လည်း ယာယာတိုရေးက ၀င့်ကြွားနေခဲ့တာဖြစ်ပါတယ်။ “ လီဗာပူးလ်ရဲ့ လူးဝစ်ဆွာရက်ဇ်ဟာ လောလောဆယ်မှာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးဖြစ်နေတာကို သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ပ အိမ်ကွင်းမှာ ကောင်းမွန်တဲ့ကစားကွက်နဲ့ ဂိုးတွေအများကြီးသွင်းပြီး ကောင်းလှချည်ရဲ့ဆိုတဲ့အ သင်းတွေကို အနိုင်ယူနိုင်စွမ်းအပြည့်နဲ့ပါ။ ပြိုင်ဘက်အသင်းတွေကိုကြောက်နေတတ်တဲ့အသင်းမျိုးထဲ မပါဘူး။ ချန်ပီယံလိဂ်(၁၆)သင်းအဆင့်မဲခွဲတော့ ဘာစီလိုနာနဲ့ကျခဲ့ချိန်မှာ ဘာစီလိုနာက သူငယ်ချင်းတစ်ယောက် ဖုန်း ဆက်ပြီး လှမ်းပြောခဲ့တာက သူတို့အသင်းသားတွေ မန်စီးတီးကို ရှိန်နေကြတယ်တဲ့”လို့ ယာယာတိုရေးက ပြော သွားခဲ့တာဖြစ်ပါတယ်။

ခရစ္စမတ်ကာလမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်ခွင့်ရရှိနေတဲ့ လီဗာပူးလ်နည်းပြဘရန်ဒန်ရော် ဂျာကတော့ “ အီတီဟတ်ကို ကြောက်ရွံ့ခြင်းမရှိဘဲ သွားကြမှာပါ။ မနှစ်ကလည်း သူတို့ကို အိမ်/ဝေးနှစ်ပွဲလုံးအ သာစီးကစားခဲ့ပြီး (၂)ပွဲလုံးသရေကျခဲ့တယ်။ ကာဒစ်ဖ်စီးတီးနဲ့ပွဲမှာ ဂိုးပေါက်ကန်သွင်းကြိမ် (၂၃)ကြိမ်အထိရှိခဲ့ တယ်။ တော့တင်ဟမ်ကိုအနိုင်ကစားခဲ့တဲ့ လီဗာပူးလ်ကို သူတို့တွေ့ခဲ့ကြမယ်ထင်ပါတယ်”လို့ ယုံကြည်ချက်တွေ ပြည့်နေပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *