၂၀၁၃အတွက် ဘယ်အရာက မိုင်းနပ်စ်ဖြစ်ပြီး ဘယ်အရာက ပလပ်စ် ဖြစ်မယ်ဆိုတာ မသုံးသပ်ဖြစ်သေးဘူးလို့ ပြောတဲ့ စိုင်းစိုင်းခမ်းလှိုင်

549161_10200683287419678_431758981_n.jpg
Shares 0

၂၀၁၃ ထဲမှာ အောင်မြင်မှုတွေပိုပြီး ခိုင်မာလာတဲ့သူကတော့ စိုင်းစိုင်းခမ်းလှိုင်ပါ။  နိုင်ငံတကာက ဖိတ်ခေါ်တဲ့ ဖျော်ဖြေပွဲတွေအပြင် နိုင်ငံရပ်ခြားက အနုပညာရှင်တွေနဲ့လဲ ဇာတ်ကားတွေ လက်တွဲရိုက် ကူးဖို့ရှိတာကြောင့် ဒီနှစ်ကူးမှာ သူ့ရဲ့ ခံစားချက်တွေနဲ့ အနုပညာပေါ် ထားတဲ့ သူရဲ့ခံယူချက်တစ်ချို့ ကို ခုလို တူးဆွကြည့်တဲ့အခါ ‘ကျွန်တော် မနေ့ကမှ နေပြည်တော်ကပြန်ရောက်တယ်။ အခုမှအကယ်ဒမီပွဲ အတွက်စီစဉ်ရမယ်။ စဉ်းစားရမယ်။ စပွန်ဆာတွေလဲ မသိသေးတော့ ဘာမှမသေချာသေးဘူး။ ဒီနှစ်က သွားအားပေးမှာပါ။ ကျွန်တော့ကားလဲ မပါဘူးလေ။ အဲဒီတော့ ပွဲတက်တာတစ်ခုတည်းဆိုတော့ ကိုယ့်အနုပညာမောင်နှမတွေကို သွားအားပေးမှာဖြစ်တဲ့အတွက် ပေါ့ပေါ့ပါးပါးပဲ သွားဖြစ်မှာပါ’တဲ့။

သူ့ရဲ့ ဒိတ်ဒိတ်ကြဲ MTV နဲ့ပတ်သတ်ပြီးတော့လဲ 'ရိုက်ဖို့က ၃ ပုဒ်လောက်တော့ကျန်သေးတယ်။ ပြီးတာနဲ့ အမြန်ဆုံးထွက်နိုင်အောင်ကြိုးစားမှာပါ။ အစက ဒီဇင်ဘာထွက်ဖို့မှန်းထားတာ အခုတော့ လုံးဝမမှီတော့ဘူး။ ရိုက်တဲ့ ဒါရိုက်တာတွေက လူငယ်တွေများတယ်။ ကျွန်တော်ကိုယ်တိုင်လဲပါတယ်။ ကျွန်တော့်အခွေမှာ ထူးခြားမှုရှိမယ်လို့တော့ မျှော်လင့်ပါတယ်။ အခွေကို ၁လ ၂လလောက်တော့ စောင့်ပေးပါဦး ။ အမြန်ဆုံးထွက်နိုင်အောင် ကြိုးစားနေပါတယ်။ သရုပ်ဆောင်တွေကတော့ များသောအားဖြင့်တော့ ကျွန်တော်များတယ်။ ပြီးတော့ ကျန်တဲ့ တွဲဖက်သရုပ်ဆောင်တွေက မျက်နှာသစ်တွေနဲ့ အပြင်က ကျွန်တော့သူငယ်ချင်းတွေများပါတယ်’လို့ သူက ဖွင့်ဟသွားပါတယ်။

၂၀၁၃ ထဲမှာ ပိုပြီးအောင်မြင်လာတယ်လို့သတ်မှတ်ခံရတဲ့အတွက် ၂၀၁၄ အတွက် ဘယ်လိုPlan မျိုးတွေနဲ့ သွားမလဲမေးကြည့်လိုက်တဲ့အခါတော့ ‘အရမ်းကြီး ကြီးကြီးမားမားကြီးတော့မရှိပါဘူး။ ကျွန်တော့ရဲ့ဂီတရယ်၊ ကျွန်တော့ရဲ့ ရုပ်ရှင်ရယ်ပဲဆိုတော့ ကျွန်တော့ရဲ့ အချိန်တွေကို ပရိသတ် အတွက် ပိုပြီးအကောင်းဆုံးချပြနိုင်အောင်ပဲ ကြိုးစားပါ့မယ်။ အခုချိန်ထိ တစ်နှစ်လုံးကို ခြုံငုံကြည့်မယ်ဆိုရင် သွားလိုက်၊လာလိုက်အားလုံးကို အချိန်ဇယားထဲက အတိုင်းလုပ်နေရတော့ ဘယ်ဟာက မိုင်းနပ်စ်ဖြစ်ပြီး၊ ဘယ်ဟာက ပလပ်စ် ဆိုတာကို ဒီတစ်နှစ်လုံးစာကို ပြန်ပြီးမသုံးသပ်ဖြစ်သေးပါဘူး’တဲ့။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *