ဗြိတိသျှ Metal နတ်ဘုရားတွေဖြစ်တဲ့ Judas Priest က ၂၀၁၄ မှာထွက်မယ့် သူတို့ရဲ့ Album အသစ်ကိုအတည်ပြု

judas_priest_new_album.jpg
Shares 0

ဗြိတိန်က metal ဆရာကြီးတွေဖြစ်တဲ့ Judas Priest ကသူတို့ရဲ့ပရိတ်သတ်တွေအတွက် ခရစ်စမတ်ဆုမွန်ကောင်းနဲ့အတူ ပရိတ်သတ်တွေမျှော်လင့်နေတဲ့သတင်းကောင်းကို ပေးခဲ့ပါတယ်။ သူတို့ဝိုင်းရဲ့ ခရစ်စမတ် သတင်းစကားမှာ ၂၀၁၄ခုနှစ်အတွင်း သူတို့ရဲ့ ၁၇ခုမြောက် album အသစ်ကိုမြင်ရကြားရမယ်လို့ အတည်ပြုပြောဆိုခဲ့ပါတယ်။

Judas Priest ရဲ့ ၂၀၀၈ ခုနှစ် Nostradamus album ထွက်ပြီးနောက်ပိုင်း ပရိတ်သတ်တွေက album အသစ်ကိုစောင့်မျှော်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လမှာတော့သီချင်းတွေရေးလို့ပြီးစီးခဲ့တာဖြစ်ပါတယ်။ Guitar သမားအသစ်ဖြစ်တဲ့ Richie Faulkner ကတော့ K.K. Downing ရဲ့နေရာမှာအစားဝင်ပြီး တီးခတ်ထားတာဖြစ်ပါတယ်။

“ဒီ album ဟာ heavy ဖြစ်ပါတယ်။ ဒီ album ဟာ Priest ရဲ့ပရိတ်သတ်တွေကိုစိတ်ကျေနပ်စေမယ့် အရာတစ်ခုလို့ကျွန်တော်တို့ထင်ပါတယ်။ ကျွန်တော်တို့မှာထိန်းသိမ်းရမယ့် ဂုဏ်သတင်းကောင်းတွေရှိတယ်ဆိုတာကျွန်တော်တို့သိပါတယ်။ ကျွန်တော်တို့ တကယ့်ကိုမာကျောကျစ်လစ်တဲ့အရာတစ်ခုပေးရမယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒီ album မှာ Judas Priest ကိုခင်ဗျားတို့မြတ်နိုးရတဲ့အရာတွေနဲ့ပြည့်နှက်နေမှာဖြစ်ပါတယ်။ ကျွန်တော် ကြိုးစင်မတက်ရဘဲ၊ ကြိုးနဲ့တရွတ်တိုက်အဆွဲမခံရဘဲ၊ အပိုင်းပိုင်းခုတ်ဖြတ်မခံရဘဲ ကျန်တာကိုဆက်ပြောလို့ရမယ်လို့မထင်ဘူး” လို့ အဆိုတော် Rob Halford က Billboard ကိုပြောပါတယ်။

ဒီဇင်ဘာ ၂၂ရက်နေ့ သူတို့ရဲ့ website မှာ Judas Priest ကအောက်ပါ ခရစ်စမတ်သတင်းစကားကို တင်ခဲ့ပါတယ်။

“ကျွန်တော်တို့ ပရိတ်သတ်အားလုံးအတွက် ကောင်းမွန်တဲ့ ခရစ်စမတ်နဲ့ အရမ်း metal ဆန်တဲ့နှစ်သစ်တစ်ခု ဆန္ဒပြုပါတယ်။ ကျွန်တော်တို့ ၂၀၁၄ အတွင်း album အသစ်ထုတ်မှာဖြစ်တဲ့အတွက် စောင့်မျှော်ကြပါ”။

Ref:loudwire

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *