တစ်ကိုယ်တော်ခွေအတွက် သီချင်းအားလုံး ရွေးပြီးသွားပြီလို့ ပြောတဲ့ စိုးပြည့်သဇင်

555939_303229523083383_1586012920_n.jpg
Shares 0

သရုပ်ဆောင်နယ်ပယ်မှာ ငယ်ပေမယ့် တော်တယ်ဆိုပြီး အားလုံးအသိအမှတ်ပြု ခံရသူကတော့ စိုးပြည့်သဇင်ပါပဲ။ ခုဆို သူမက သရုပ်ဆောင်ပညာအပြင် ဂီတနယ်ပယ်ထဲကိုလည်း ၀င်ရောက်လာတော့မယ့်သူ ဖြစ်တာကြောင့် သူမရဲ့စီးရီးအတွက် မေးမြန်းကြည့်ဖြစ်တဲ့အခါ ‘စိုးပြည့်သီချင်းတွေ ရွေးနေတယ်။ ရွေးထားပြီးသားသီချင်းတွေလဲ ပြန်နားထောင်ဖြစ်တယ်။ အခုရွေးထားတာက ပြည့်သလောက်နီးပါးဖြစ်နေပြီ။ တီးဖို့ပဲကျန်တော့တယ်။ တီးမှာကICနဲ့ဆိုတော့ နဲနဲတော့အချိန်ပေးရမှာပေါ့နော်။ တီးပြီးတာနဲ့ သွင်းပြီးရင် စီဒီတစ်ခါတည်း ထုတ်မှာဆိုတော့ မြန်မှာပေါ့နော်။ ကော်ပီလဲပါတယ်။ Own Tuneလဲပါတယ်။ အမြန်သီချင်းကျတော့ ကော်ပီထဲကရှာရတာ။ Own Tune ကျတော့ အနှေးသီချင်းများတယ်လေ။ တေးရေးတွေက ကိုမင်းချစ်သူ၊ ညီမင်းခိုင်၊ သောမတ်စ်၊ ရယ်ဂျီ၊ ကိုဇ၀ါ၊ မင်းကိုပေါ့။ သရုပ်ဆောင်၊ အဆိုတော်နှစ်ခုစလုံးမှာ ပရိသတ်ရဲ့အားပေးမှုကို လိုချင်တဲ့အတွက် စိုးပြည့်ကတော့ ကားလဲရိုက်မှာပဲ။ သီချင်းလဲသွားဆိုမှာပဲ။ ပရိသတ်ကတော့ စိုးပြည့်ကို သရုပ်ဆောင်နဲ့လက်ခံထားတယ်။ ဒါပေမဲ့ သီချင်းသွားဆိုတဲ့အခါမှာလဲ သရုပ်ဆောင်အနေနဲ့လက်ခံကြတယ်။ ဒါပေမဲ့ ကိုယ့်ဖက်ကကျတော့ ကိုယ့်သီချင်းလေးတွေကို ပရိသတ်လက်ထဲ ရောက်စေချင်တယ်။ စီးရီးကလဲ နဂိုကတည်းက ထုတ်ဖို့ဆန္ဒရှိတယ်။ သရုပ်ဆောင်လုပ်ပြီးမှ အဆိုတော်လုပ်တာလဲ မဟုတ်ဘူး။ အဆိုတော်ပဲ စိုးပြည့်စလုပ်ခဲ့တာ။ ဒါပေမဲ့ သရုပ်ဆောင်ဖက်ကို စိုးပြည့်ရောက်သွားပြီးတော့ ကိုယ်ဝါသနာပါခဲ့တဲ့ အလုပ်ကိုပြန်လုပ်တဲ့ သဘောပါပဲ။ စိုးပြည့်ကကားလဲရိုက်ဦးမှာဖြစ်သလို သီချင်းတွေလဲ ဆိုနေဦးမှာပါပဲ။’ လို့ သူမက ပြောပါတယ်။

စိုးပြည့်သဇင်ဟာ လာမယ့် New Year ကို မန္တလေးမှာ သီချင်းဆိုရင်း ဖြတ်သန်းမှာလို့လည်း သိရပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *