အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးကြေညာစာတန်း အပိုဒ်(၇)

justicescale.jpg
Shares 0

အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးကြေညာစာတန်း

အပိုဒ်(၇)

လူတိုင်း တရားဥပဒေရှေ့ မှောက်တွင် တန်းတူဖြစ်သည်။ ကျောသား၊ ရင်သား မခွဲခြားရ။

 

တိုင်းပြည်တစ်ပြည်၊ နိုင်ငံတစ်နိုင်ငံမှာရှိတဲ့ တရားဥပဒေ စည်းမျဉ်းစည်းကမ်းတွေက အဲ့ဒီတိုင်းပြည်၊ ဒါမှမဟုတ် နိုင်ငံမှာရှိတဲ့ တိုင်းသူပြည်သားတွေကို မတရားမှုတွေကနေ တရားမျှတစွာ ကာကွယ်စောင့်ရှောက်ဖို့ လည်းဖြစ်ပါတယ်။ ငွေများ တရားနိုင်တာတို့ ၊ တရားသူကြီး ၀ိတ်ပိလို့  တရားမမျှတဲ့ ဆုံးဖြတ်ချက်၊ အမိန့် တို့ ချမှတ်တာတို့ မဖြစ်သင့်တာတွေကို ရည်းညွှန်းပြီး၊ တရားဥပဒေရှေ့ မှောက်မှာ လူသားတိုင်းကို အဆင့်မတန်းမခွဲ တရားမျှမျှတတ စီရင်ပေးပြီး တရားရုံးမှာ စွဲချက်တင်သူတွေရော၊ စစ်ဆေးမေးမြန်းခံရသူတွေကိုပါ တန်းတူညီညီ ဆက်ဆံမေးမြန်းပြီး ဘက်လိုက်မှုတွေမရှိဘဲ မှန်ကန်တဲ့ အဆုံးအဖြတ်နဲ့  အကာအကွယ်တွေကို ချမှတ်ပေးသင့်ပါတယ်။

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *