The Lord of the Rings ရုပ်ရှင်ဇာတ်ကားပရိတ်သတ် မိန်းမချောလေးက သူမရဲ့ နားတွေကို Elf တွေရဲ့ နားရွက်ပုံစံအတိုင်းခွဲစိတ်ပြုပြင်

elf-ears-main-2955891.jpg
Shares 0

နာမည်ကြီး မှော်ရုပ်ရှင် The Lord of the Rings ပရိသတ်တစ်ယောက်ဟာ သူမရဲ့ နားတွေကို အဲဒီ့ဇာတ်ကားရဲ့ ဇာတ်ကောင်တစ်ခုဖြစ်တဲ့ Elf တွေရဲ့ နားရွက်ပုံစံအတိုင်း ခွဲစိတ်ပြုပြင်ခဲ့ပါတယ်။

Melynda Moon လို့ ခေါ်တဲ့ ငယ်ရွယ်ချောမောတဲ့ မိန်းမပျိုလေးဟာ Lord of the Rings ဇာတ်ကားရဲ့ အဓိက စိတ်ကူးယဉ်ဇာတ်ဆောင်ဖြစ်တဲ့ Elf တွေရဲ့ နားရွက်ပုံစံမျိုးရရှိဖို့ အတွက် ပေါင် ၂၅၀ ကျော် ကုန်ကျခံခဲ့ရပါတယ်။ ကနေဒါသူ မိန်းမချောလေးဟာ သူမ တခြားကမ္ဘာနယ်မြေတစ်ခုက လာတဲ့သူ ဖြစ်တယ် လို့ ယုံကြည်နေပြီး သူမဲ့ အရင်ဘ၀ဟာ နတ်သမီးဖြစ်တယ်လို့ ခံယူထားပါတယ်။

၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Moon က “တချို့ မိဘတွေဟာ သူတို့ ကလေးတွေကို ဆန်တာကလော့စ်ကို သူတို့  ဆိုးကြောင်း ပြန်ပြောမယ့် Elf တစ်ယောက်နဲ့  သိတယ်လို့ ပြောပြီး မကောင်းတာတွေလုပ်ဖို့  ဆုံးမချင်ကြပါတယ်။ အခု သူတို့ ကလေးတွေ ကျွန်မနားရွက်ကို မြင်ရင် သူတို့ မိဘတွေ ညာနေတာ မဟုတ်ဘူး ဆိုတာ သိရပြီပေါ့”  လို့ ပြောဆိုခဲ့ပါတယ်။

“ ကျွန်မဟာ သဘာဝတရားနဲ့ အမြဲနီးစပ်မှုရှိပါတယ်။ ချွန်ထက်နေတဲ့ နားရွက်တွေဟာ ချစ်စရာပုံစံလေးတွေ ဖြစ်ပြီး အရမ်းတင့်တယ်မှုရှိပါတယ်။ ဒီစိတ်ကူးစိတ်သန်းက The Lord of the Rings ဇာတ်ကားကနေ ရရှိတာပါ။

Elf တွေရဲ့ နားရွက်ထိပ်လိုမျိုး တြိဂံပုံစံချွန်ထက်နေသလိုမျိုး ရရှိဖို့ အတွက် သူမရဲ့ နားရွက်ထိပ်ဖျားအရိုးနုနဲ့  အရေပြားတွေကို ဖြတ်ထုတ်ပြီး ပြန်ချုပ်ထားရတာပါ။ ဒီနှစ်နာရီကျော်ကြာတဲ့ ခွဲစိတ်ကုသမှုခံယူအပြီးမှာ ချုပ်ရိုးဖြေဖို့ အတွက် သူမအနာကျက်အောင် ရက်သတ္တပတ်တော်တော် အချိန်ယူခဲ့ရသေးတယ်။ ချုပ်ရိုးဖြေပြီး တဲ့နောက်မှာတော့ သူမဟာ Elf တွေရဲ့ နားမျိုးကို ပိုင်ဆိုင်ခဲ့ပါပြီ။

“ ကျွန်မ မှာ လူသားတွေနဲ့ မတူတဲ့ ပုံစံတစ်ခုရဖို့  စိတ်ကူးစိတ်သန်း အမြဲရှိခဲ့ပါတယ်။ ဒါကြောင့် ကျွန်မရဲ့ အသွင်အပြင်ကို သဘာဝလွန်ပုံစံမျိုး ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ” လို့ ဖြေဆိုခဲ့ပါတယ်။

“ ကျွန်မ လူသားဘ၀ကို ဘယ်တော့မှ ပြန်လာတော့မှာမဟုတ်ပါဘူး ။ အခုကျွန်မမှာ ကိုယ်ရောင်ကိုယ်ဝါ တောက်တောက်ပပ ဖြစ်ဖို့ နဲ့ ပျံသန်းဖို့ တောင်ပံတစ်စုံပဲ လိုပါတော့တယ်”  The Lord of the Rings ပရိတ်သတ် ကနေဒါသူ မိန်းမချော (Elf) လေးက ပြောကြားသွားပါတယ်။

Ref: mirror.co.uk

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *