AK-47 တီထွင်သူ Mikhail Kalashnikov ကွယ်လွန်

110929050641-russia-kalashnikov-story-top.jpg
Shares 0

 

AK-47 ကိုတီထွင်ခဲ့သူ၊ ရုရှား သေနတ် ဒီဇိုင်နာ Mikhail Kalashnikov ဟာ ဒီဇင်ဘာ (၂၃)ရက်နေ့မှာ ကွယ်လွန်ခဲ့တယ်လို့ ဆိုဗီယက် အစိုးရက သူရဲ့ဝဘ်ဆိုဒ်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အသက် ၉၄နှစ်ရှိပြီဖြစ်တဲ့ Mikhail Kalashnikov ရဲ့ AK-47သေနတ်ဟာ ကမ္ဘာအနှံ့ နိုင်ငံများစွာရဲ့ စစ်တပ်တွေနဲ့ ပြောက်ကျားတပ်တွေရဲ့ ရွေးချယ်ရာလက်နက်တစ်မျိုး ဖြစ်ခဲ့ပါတယ်။

Mikhail Kalashnikov ဟာ ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်ပြည်ထောင်စုရဲ့ တပ်နီမှာ ဗိုလ်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်နေတုန်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲ့ဒီ့နောက် ၁၉၄၂ခုနှစ်မှာ သူ့ရဲ့ပထမဆုံး စက်သေနတ်ကို ဒီဇိုင်းရေးဆွဲခဲ့ပါတယ်။ AK-47ကို ဒုတိယကမ္ဘာစစ် နောက်ဆုံးနှစ်ဖြစ်တဲ့ ၁၉၄၅ခုနှစ်မှာ စပြီး ဒီဇိုင်းရေးဆွဲခဲ့ပါတယ်။ ၁၉၄၆ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီး ချုပ်ငြိမ်းသွားတဲ့နောက်မှာတော့ AK-46 ကို တရားဝင် စစ်ရေးလေ့ကျင့်မှုတွေအတွက် သရုပ်ပြခဲ့တယ်။ ၁၉၄၈ခုနှစ် အရောက်မှာ ဆိုဗီယက်တပ်မတော် က လက်ရွေးစင်တပ်ဖွဲ့တွေမှာ ပုံသေ ဗားရှင်းကို မိတ်ဆက်ခဲ့တယ်။ ၁၉၄၉ခုနှစ်မှာတော့ ဆိုဗီယက် လက်နက်ကိုင် တပ်တွေမှာ တရားဝင်လက်ခံခဲ့ပြီး ၀ါဆော ပဋိညာဉ်မှာပါတဲ့ အဖွဲ့ဝင်နိုင်ငံ အများစုက AK-47ကို အသုံးပြုလာကြတယ်။

AK-47ရဲ့ အဓိက အရည်အသွေးနှစ်မျိုးဖြစ်တဲ့ ရိုးရှင်းမှု နဲ့ ယုံကြည်စိတ်ချရမှု နဲ့ပတ်သက်ပြီး Mikhail Kalashnikov က CNN ကို ၂၀၀၉ခုနှစ်မှာ ပြောကြားခဲ့ဖူးပါတယ်။

“စစ်သားတစ်ယောက်မှာ တက္ကသိုလ်ဘွဲ့တွေမရှိတဲ့အတွက် AK-47ဟာသိပ်ကို အရေးပါတယ်။ သူဟာ ရိုးရှင်းပြီး စိတ်ချယုံကြည်ရတဲ့ လက်နက်တစ်ခု လိုအပ်တယ်။ ဒီကိစ္စအတွက် တိုက်ပွဲ အခြေအနေတစ်ခုမှာ AK-47 ဟာ တက္ကသိုလ်ဆရာ တစ်ယောက်လိုပါပဲ။ ရန်သူကချီတက်လာတဲ့အခါမှာ ကိုယ်တွေဘက်က ရှုပ်ထွေးတဲ့ လက်နက်တစ်ခုကို ဘယ်လို ကိုင်တွယ်ပစ်ခတ်ရမယ်ဆိုတာကို ခန့်မှန်းတွက်ဆနေဖို့နဲ့ ခလုတ်တွေ တသီကြီးကို နှိပ်နေဖို့ အချိန်မရှိဘူး။”လို့ Mikhail Kalashnikov ကပြောခဲ့ပါတယ်။

Mikhail Kalashnikovရဲ့ တီထွင်မှုရဲ့ ရလဒ်အနေနဲ့ AK-47 ကြောင့် လူသိန်းပေါင်းများစွာ သေဆုံးခဲ့ရတာနဲ့ပတ်သက်ပြီး ၀မ်းနည်းခြင်း ရှိ၊ မရှိ ဆိုတဲ့ မေးခွန်းကို သူအမုန်းဆုံးပါပဲ။ ဒီမေးခွန်းအတွက် “ကျွန်တော်တို့ အဖနိုင်ငံတော်ကြီးရဲ့ နယ်နိမိတ်တွေကို ကာကွယ်ဖို့အတွက် ဒီသေနတ်ကို  ဒီဇိုင်းရေးဆွဲခဲ့တာ။ ပြီးတော့ ဒီသေနတ်တွေကို ဆက်လက် ကာကွယ်ခွင့်ပြုလိုက်တယ်။” လို့ Mikhail Kalashnikov ကဖြေခဲ့ဖူးပါတယ်။

Ref:CNN,Wikipedia

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *