အချစ်လွန်ရောဂါနဲ့ပရိသတ်ဆီကို အရောက်လာမယ့် သက်စုနဒီ

484124_106248136189416_250685297_n.jpg
Shares 0

ကျောင်းသူတစ်ဦးဖြစ်ပေမယ့် အနုပညာနယ်ပယ်ထဲမှာ ရဲရဲဝံ့ဝံ့လျှောက်လှမ်းလာသူလေးကတော့ သက်စုနဒီပါ။ သူမဟာ ဂီတကို ငယ်စဉ်ကတည်းက ၀ါသနာပါခဲ့သူဖြစ်ပြီး ပထမဆုံးအခွေအနေနဲ့ အချစ်လွန်ရောဂါဆိုတဲ့ သူမရဲ့တစ်ကိုယ်တော် MTV အကြောင်းကို မေးမြန်းကြည့်လိုက်တဲ့အခါ ‘အခုရိုက်နေတဲ့ သီချင်းလေးက ကိုယုန်လေးနဲ့တွဲဆိုထားတဲ့ သီချင်းလေးပေါ့။ ပရိသတ် စိတ်ဝင်စားအောင် မြူးမြူးလေး ရိုက်နေပါတယ်။ ဒီအခွေလေးကို အစတုန်းကတော့ အခုဘယ်မှာလဲပြော ဆိုတဲ့ ခေါင်းစဉ်လေးကို ယာယီပေးထားခဲ့တာပါ။ ဒါပေမဲ့ အခုကျတော့ အချစ်လွန်ရောဂါကို ပိုကြိုက်လို့ပေးခဲ့တာပါ။ Title သီချင်းလေးကို ကိုဇေရဲက featuring ဆိုပေးထားတယ်။ ရိုက်ထားတာက ကိုဇေရဲရယ်၊ ညီမရယ်၊ ကိုထက်ဖုန်းနိုင်ရယ် ရိုက်ထားပြီး ကိုဝင်းလွင်ထက်က ရိုက်ပေးထားတာပါ။ ညီမ အဲဒီသီချင်းလေးကို ပထမဆုံးရိုက်တာပေါ့နော်။ မှတ်မှတ်ရရ မေလ ၁ ရက်နေ့က ရိုက်တာပါ။ ညီမလေးတို့ ကိုထက်ရဲ့ အိုင်ဒီယာကို အဓိက ဦးစားပေး ရိုက်ပေးထားတာပါ။ ညီမမှန်းထားတာက ဖေဖော်ဝါ၇ီလလောက်ထွက်နိုင်မယ်လို့ မှန်းထားပါတယ်’လို့ သူမက ပြောပါတယ်။

အခွေနဲ့ ပတ်သက်ပြီး သူမ ပြင်ဆင်ခဲ့ရတဲ့အပိုင်းကိုလည်း သူမက ‘ညီမဒီအခွေနဲ့ပတ်သတ်ပြီး ၁၀တန်းပြီးကတည်းက အသံလေ့ကျင့်တယ်။ ၂ နှစ်ကျော်ကြတယ်ပေါ့။ ညီမလေး ဒီအခွေစလုပ်တာပေါ့။ ညီမက နဂိုကတည်းက အသံအားနည်းတဲ့သူဆိုတော့ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ညီမလေးဖက်က ကြိုးစားထားပါတယ်။ သီချင်းတစ်ပုဒ်ကို ၆ခေါက်လောက် ဆိုတာလဲရှိတယ်။  မကြိုက်မချင်း ပြန်ဆိုထားတယ်။ ဂီတနဲ့ပတ်သတ်ပြီး ၁၀တန်းပြီးကတည်းက အိမ်မှာပဲ ဆရာမခင်မြတ်မွန်နဲ့ တစ်နှစ်လောက်သင်ခဲ့တယ်။ ဆရာခိုင်မြဲသာနဲ့၁လလောက်သင်တယ်။ ပြီးတော့ ဦးမောင်ကြီးနဲ့သင်တယ်။ ပရိသတ်တွေလဲ ကြိုက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အဓိက သီချင်းရွေးဖြစ်တာက အပုဒ်၂၀လောက်ကို တေးရေးတွေဆီမှာ အပ်ပြီး ကိုယ်ကြိုက်တဲ့ သီချင်းလေးတွေကို ပြန်ရွေးပြီးထည့်ထားတာပါ။ တေးရေးဆရာတွေက ကိုယုန်လေး၊ ကိုဘိုလေး၊ ကိုဇေရဲ၊ ကိုသားသား၊ ကိုသိန်းလင်းစိုး၊ ကိုညီမင်းခိုင်၊ မွန်ထက်ချော၊ ရဲထက်တို့ပေါ့။ electro ၂ပုဒ်ပါတယ်။ ဒီအခွေထဲမှာညီမလေးအားရတာက ယုံတမ်းစကားရယ် ၊ ခုဘယ်မှာလဲပြောရယ်၊ အချစ်လွန်ရောဂါရယ်ပေါ့။ ဒီအခွေက စီဒီရယ်၊ MTV ရယ်တစ်ခါတည်းထွက်ဖို့ ကြိုးစားထားတာ ဖြစ်တဲ့အတွက်နဲနဲကြာနေတာပါ။ သီချင်းက ၁၄ပုဒ်ပါမယ်။ Bonus က ၁ပုဒ်ပါမယ်။ သီချင်း အမျိုးအစားတွေက Rap, R&B ,POP,Electro လေးတွေပါမယ။် ဒီအခွေလေးကိုညီမလေး အားစိုက်ပြီး လုပ်ထားတာဖြစ်တဲ့အတွက် ပရိသတ်တွေလက်ခံမယ်လို့ ခံစားမိပါတယ်။ ညီမငယ်ငယ်ကတည်းက အဆိုတော်ဖြစ်ရမယ်လို့ မျှော်လင့်ချက်ထားထားတယ်။ ဒါပေမဲ့ အသံက အဆင်မပြေသေးလို့ ဆရာတွေနဲ့သင်ပြီးမှ လုပ်တာဖြစ်တဲ့အတွက် ထင်ထားတာထက်နဲနဲကြာသွားတာပါ’တဲ့။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *