ဆင်ပေါက်လေးရေချိုးနေတဲ့ ရယ်ချင်စရာဓာတ်ပုံတွေ တစ်ပါတ်အတွင်း ချစ်စရာအကောင်းဆုံးတိရစ္ဆာန်ဓာတ်ပုံဆု အတွက် ရေပန်းစားလျက်ရှိ

slide_330637_3259979_free.jpg
Shares 0

ဒီပုံတွေဟာ ဆင်တွေအကြောင်းရိုက်ကူးထားတဲ့ ဓာတ်ပုံတွေထဲမှာ ချစ်စရာအကောင်းဆုံး ဓာတ်ပုံတွေ ဖြစ်ပါလိမ့်မယ်။ ချစ်စရာဆင်ပေါက်လေးဟာ သူ့ ရဲ့ ရေချိုးချိန်တွေမှာ အပျော်လွန်နေတာကို တွေ့ ရမှာပါ။
ဆင်ပေါက်လေးဟာ သူ့ နှာမောင်းကို လွှဲရမ်းပြီး ရေတွေကို သူ့ ကိုယ်ပေါ်ပန်းထုတ်လိုက်နဲ့ ပျော်ရွှင်မြူးထူး နေပုံကို သူ့ ရဲ့ အမွှေးထူထူမျက်နှာလေးမှာ အထင်အရှားမြင်တွေ့ ရပါတယ်။

သူ နည်းနည်းစိတ်လှုပ်ရှား ထိတ်လန့် သွားရင် သူ့ အမေရဲ့ အဆမတန်ကြီးမားတဲ့ ခြေထောက်တွေအောက် ၀င်ပုန်းလိုက်နဲ့ ရေချိုးနေတုန်း ပျာယာခတ်နေ တာကို လူတော်တော်များများ မြင်တွေ့ ခဲ့ရတာပါ။

 

သူ့ နှာမောင်းကနေ ပန်းထုတ်လိုက်တဲ့ ရေပန်းတွေ သူ့ မျက်နှာပေါ်ကို ပြန်ပြုတ်ကျလာတာကို တအံ့တသြ မျက်လုံးတွေ ပြူးကြည့်လိုက်၊ သူ့ ခေါင်းကို ခါရမ်းလိုက်နဲ့  သူ့ ရေချိုးချိန်တွေမှာ အားရပါးရကစားနေခဲ့တာကို အမိအရ ဓာတ်ပုံရိုက်ကူးခဲ့တာပါ။

ဒီဆင်လေးဟာ တစ်ပါတ်အတွင်း ချစ်စရာအကောင်းဆုံးတိရစ္ဆာန် ဓာတ်ပုံ ဆုကို ရရှိဖို့ အတွက် ရေပန်းစားလျက် ရှိပါတယ်။

ဆင်ပေါက်လေး အသက်ကြီးလာတဲ့အချိန် အထိ သူ့ ရဲ့ ရေချိုးချိန်တွေမှာ  အခုလို အမြဲတမ်း အံ့သြမြူးထူးပျော်ရွှင်နေပါစေလို့ ဝင်ရောက်ကြည့်ရှုသူတွေက ဆုတောင်းပေးခဲ့ကြပါတယ်။

Ref: mirror.co.uk

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *