ကိုယ်ကာယလေ့ကျင့်ခန်း အားဆေးတွေအကြောင်း သိကောင်းစရာ

Shares 0

ကိုယ်ကာယလေ့ကျင့်ခန်း အားဆေးနဲ့ ပတ်သက်ပြီး အများစု နားလည်ထားတာက အဲ့ဒီ့အားဆေးတွေထဲမှာ ပရိုတိန်းပါတယ် ဆိုတာပါပဲ။ ပရိုတင်းထဲမှာ ကျွန်တော် တို့ကြွက်သား အတုံးတွေ ကိုတည်ဆောက်ပေးမယ့် အမိုင်နိုအက်ဆစ်တွေပါ တယ်လို့သိထားကြလို့ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ကာယလေ့ကျင့်ခန်းအားဆေးတွေထဲမှာပါဝင်တဲ့ပရိုတိန်းအမျိုးအစားတွေအကြောင်းကိုအသေအချာနားလည်ထားတဲ့သူသိပ်မရှိပါဘူး။ အားဆေးတွေထဲမှာပါတဲ့ပရိုတိန်းအမျိုးအစားတွေနဲ့သူတို့ရဲ့မှန်ကန်တဲ့အသုံးချမှုတွေကိုအောက်မှာဖော်ပြပေးပါ့မယ်။

Shares 0
Shares 0

ကိုယ်ကာယလေ့ကျင့်ခန်း အားဆေးတွေအကြောင်းနဲ့ ပတ်သက်လို့ မပြတ်သားတဲ့ အငြင်းပွားစရာေ တွအများကြီးရှိပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့ သူတွေဟာ အားဆေးတော့သောက်နေ ကြတာပါပဲ။ ဒါပေမဲ့ ဂဃနဏမသိကြပါဘူး။ ကိုယ်ကာယလေ့ကျင့်ခန်း အားဆေးတွေနဲ့ပတ်သက်လို့လှောင်ပြောင်သရော်နေကြမယ့်အစား ရှိရင်းစွဲအချက်အလက်လေးတွေကိုရိုးရိုးသားသား တိုင်ပင်ဆွေးနွေးလိုက်ကြရအောင်။ ဒီဆောင်းပါးဟာ သင့်ကိုပိုပြီး စမတ်ကျလာစေဖို့နဲ့ဘယ်လိုမျိုး ကိုယ်ကာယလေ့ကျင့်ခန်း အားဆေးတွေ ၀ယ်သုံးသင့် တယ်ဆိုတာကိုချင့်ချိန်နိုင်စေဖို့ရည်ရွယ်ပါတယ်။ 

 

ကိုယ်ကာယလေ့ကျင့်ခန်းအားဆေးအများစုဟာ ပရိုတိန်းအသားပေး အားဆေးတွေဖြစ်ပါတယ်။ သင်ဟာ ဘယ်ပရိုတင်း အမျိုးအစားကိုလိုအပ်တာပါလဲ။ 

ကိုယ်ကာယလေ့ကျင့်ခန်း အားဆေးနဲ့ပတ်သက်ပြီး အများစု နားလည်ထားတာက အဲ့ဒီ့ အားဆေး တွေထဲမှာ ပရိုတိန်းပါတယ် ဆိုတာပါပဲ။ ပရိုတင်း ထဲမှာ ကျွန်တော်တို့ကြွက်သား အတုံးတွေ ကို တည်ဆောက်ပေးမယ့် အမိုင်နိုအက်ဆစ် တွေပါတယ် လို့ သိထားကြလို့ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ကာယ လေ့ကျင့်ခန်း အားဆေး တွေထဲမှာ ပါဝင်တဲ့ ပရိုတိန်း အမျိုးအစားတွေ အကြောင်းကို အသေအချာ နားလည်ထားတဲ့ သူသိပ်မရှိပါဘူး။ အားဆေးတွေထဲမှာ ပါတဲ့ ပရိုတိန်း အမျိုးအစားတွေ နဲ့သူတို့ ရဲ့မှန်ကန် တဲ့အသုံးချမှုတွေကို အောက်မှာ ဖော်ပြ ပေးပါ့မယ်။

 

၁။ နို့ဓမ်း (Whey) ပရိုတိန်းရိုးရိုး

နို့ဓမ်း ပရိုတိန်းဟာ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်တဲ့လူတွေကြားမှာအပြောများကြပါတယ်။ နို့ဓမ်း ပရိုတိန်း ဟာ ရေပန်းစားပါတယ်။ မရှိမဖြစ်နို့ပရိုတိန်းတစ်မျိုးပါ။ ကိုယ်ကာယ လေ့ကျင့်ခန်း ကိုနှစ်လ သုံးလ လောက်လုပ်ပြီးသွားတဲ့သူတွေ အတွက် အထူးသင့်တော် ပါတယ်။ 

 

၂။ နို့ဓမ်း ပရိုတိန်းအနှစ်။

နို့ဓမ်း ပရိုတိန်းအနှစ်ဟာ ပိုကောင်းပြီးတော့အဆီဓာတ်နဲ့ကစီဓာတ်တွေ ရောနှောပါဝင်ပါတယ်။ အလေးစတင်မမယ့်သူတွေနဲ့အလေးကိုဖျစ်ညှစ်ပြီး မနေရသူတွေအတွက်အထူးသင့်တော်ပါတယ်။

 

၃။ နို့ဓမ်း ပရိုတိန်းသီးသန့်။

ပရိုတိန်း ပမာဏ ၉၇ ရာခိုင်နှုန်းလောက် ပါဝင်ပါတယ်။ နို့ဓမ်းချည်းသီးသန့်ထုတ်လုပ်ထားတဲ့ပုံစံမျိုးပါ။ ကိုယ်ကာယလေ့ကျင့်ခန်း စလုပ်တဲ့သူတွေသောက်ရမယ့်အားဆေးအမျိုးအစား မဟုတ်ပါဘူး။ တစ်ကိုယ်လုံး အတွက်ကိုယ်ကာယလေ့ကျင့်ခန်း လုပ်နေသူတွေနဲ့ နို့ဓမ်း ပရိုတိန်း ပမာဏ များသွားတဲ့ အခါ ကယ်လိုရီ စားသုံးမှု ကို ထိန်းချုပ်တတ် တဲ့ သူတွေ အတွက် သီးသန့်ဖြစ်ပါတယ်။

 

၎။ နို့ဓမ်းအမှုန့်။

ဒီပရိုတိန်းအမျိုးအစား ကိုတော့ ကိုယ်ကာယ လေ့ကျင့်ခန်းကို အားပြည့်မာန်ပြည့်နဲ့ အင်တိုင်အားတိုက် လုပ်ပြီးသွားတဲ့ သူတွေအတွက် ထုတ်လုပ်ထားတာပါ။ ကိုယ်ကာယလေ့ကျင့်ခန်း ကိုပုံမှန်လေး လုပ်နေသူတွေ အတွက် မသင့်တော်ပါဘူး။ တကယ့် အားကစားသမားတွေ၊ကာယ ဗလမောင်ကြီးတွေ အတွက် သီးသန့် အားဆေးဖြစ်ပါတယ်။ ဒီနို့ဓမ်းအမှုန့်တွေကို အစာခြေပစ် ဖို့ဆိုတာအတော်လေး ကို ခက်ခက်ခဲခဲမျိုးပါ။ ဈေးအကြီးဆုံး ပရိုတိန်း အားဆေးတစ်မျိုး ဖြစ်ပါတယ်။  

 Ref:mensxp

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *