ဂယ်လီယန်နီလက်ထက်မှာ အဆိုးဝါးဆုံးအေစီမီလန်အသင်းကို မြင်တွေ့လိုက်ရတာပါပဲလို့ ပြောတာ ဘယ်သူလဲ

news_a.jpg
Shares 0

ဒီနေ့နံနက်အစောပိုင်းက ကစားသွားခဲ့တဲ့ စီးရီးအေပွဲစဉ်(၁၇) ရဲ့ နောက်ဆုံးပွဲစဉ် မီလန်ဒါဘီပွဲစဉ်မှာ အင်တာမီ လန်အသင်းဟာ အာဂျင်တီးနားတိုက်စစ်မှူး ပလာစီယိုရဲ့ (၈၆)မိနစ်ဂိုးကြောင့် တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့အ တွက် လတ်တလောရလဒ်များဆိုးဝါးလျက်ရှိတဲ့ အေစီမီလန်အသင်းအတွက် တကယ့်ကိုစိတ်ပျက်စရာရလဒ် ဖြစ်ခဲ့ရပါတယ်။ဒီပွဲကို ရှုံးခဲ့တာကြောင့် အေစီမီလန်ဟာ ပွဲစဉ်(၁၇)အပြီးမှာ (၁၉)မှတ်သာရရှိထားပြီး အဆင့် (၁၃)နေရာမှာ ရပ်တည်နေရပြီဖြစ်ကာ နည်းပြအယ်လီဂရီအတွက်လည်း ရာထူးဆက်လက်တည်မြဲရေးမှာ ထိုး နှက်ချက်တစ်ရပ်ဖြစ်သွားခဲ့ရပါပြီ။ ဒီလိုမျိုး အေစီမီလန်အသင်းအခြေအနေဆိုးဝါးနေခြင်းအပေါ်မှာ ယခင်မီလန် နာမည်ကျော်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ခရိုအေးရှားလက်ရွေးစင်ဟောင်း ဇဗွန်နီမာဘိုဘန်ကနေ စကိုင်း စပေါ့ရုပ်သံလိုင်းကနေ ဝေဖန်လိုက်ပါပြီ။ အဆိုပါရုပ်သံလိုင်းမှာ ဘောလုံးဝေဖန်ရေးသမားတစ်ဦးအဖြစ် လုပ် ကိုင်နေတဲ့ ဘိုဘန်က မီလန်ရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းပဲ ဝေဖန်ပြောကြားသွားခဲ့ တာဖြစ်ပါတယ်။

“ဒီအသင်းက တကယ်ကိုကောင်းခဲ့တဲ့အသင်းမျိုးဗျ။ အခုမြင်နေရတဲ့အသင်းမျိုးကတော့ လက်ရှိအမှုဆောင်အ ရာရှိချုပ် အန်ဒရီယန်နိုဂယ်လီယန်နီလက်ထက်မှာ အဆိုးဝါးဆုံးလို့တောင်မှ ပြောလို့ရပါတယ်။ ဒီအတိုင်းသာဆို ရင်တော့ ထိပ်ဆုံး(၃)သင်းတောင်ဝင်နိုင်တော့မယ်မထင်ပါဘူး။  အရင်ကအခြေအနေထားပါဦး။ မနှစ်ကတောင် မှပဲ ကစားပုံမကောင်းဘဲနဲ့ အမှတ်တွေရအောင် ယူပြနိုင်ခဲ့တာတွေရှိခဲ့ဖူးပေမယ့် ဒီနှစ်တော့မတွေ့ရတော့ပါဘူး။ အားမနာစတမ်းဝေဖန်ရရင် အင်တာမီလန်နဲ့ကစားခဲ့တဲ့ပွဲမှာ ကာကာဟာ ဘာမှကိုမလုပ်နိုင်ခဲ့ဘဲ လူပိုကြီးတစ် ယောက်ဖြစ်နေခဲ့ပါတယ်”လို့ ဘိုဘန်က ဝေဖန်သွားခဲ့တာဖြစ်ပါတယ်။ ဘိုဘန်ဆိုတာ အေစီမီလန်အသင်းဆီမှာ  ၁၉၉၁ခုနှစ်ကနေ ၂၀၀၂ခုနှစ်အထိ ကာလရှည်ကြာကစားသွားခဲ့ပြီး (၂၅၁)ပွဲကစား၊ ဂိုး(၃၀)သွင်းနိုင်ခဲ့ကာ စီးရီး အေအမှတ်ပေးဖလား (၄)ကြိမ်၊ အီတလီစူပါဖလား(၃)ကြိမ်၊ ဥရောပချန်ပီယံလိဂ်(၁)ကြိမ်နဲ့ ဥရောပစူပါဖလား (၁)ကြိမ်တို့ရရှိခဲ့ဖူးသူဖြစ်ပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *