မကြာခင်မှာ ပိုမိုခေတ်စားလာနိုင်ဖွယ်ရှိတဲ့ Holographic ဖက်ရှင်ဒီဇိုင်းများ

sev-holographs-pinktop-lgn.jpg
Shares 0

ဒီဇင်ဘာမှာ ညဘက် night out လုပ်တဲ့အခါ ဖျော်ဖြေပွဲတွေ၊ ရှိုးပွဲတွေ ၊ ပါတီတွေမှာ အပြတ်ကဲဖို့ စဉ်းစားထားသူတွေအတွက် ဒီမှာ ခေတ်မစားသေးပေမယ့် နိုင်ငံတကာမှာ ခေတ်စားနေပြီဖြစ်တဲ့ Holographic ဖက်ရှင်ဒီဇိုင်းလေးတွေ ၀တ်ဆင်ကြည့်ဖို့ အကြံပေးပါရစေ။ ထသွားထလာအတွက် နည်းနည်းဝတ်ရမှာ ကြောင်ပေမယ့် ညဘက် အပြင်ထွက်တဲ့အခါမျိုးမှာတော့ အထာကျစေမယ့် ဒီဇိုင်းတွေမို့ တစ်ချက် ကြည့်ကြည့်လိုက်ပါဦး။

၁။ Hologram အိတ်

အိတ်ကတော့ ညဘက်မှ မဟုတ်ပါဘူး။ နေ့ခင်းဘက် သွားရင်းလာရင်း လွယ်လို့ကောင်းတဲ့ ဒီဇိုင်းပါ။

 

၂။ Glossy Phone Case

လူတစ်ကိုယ် အကြိုက်တစ်မျိုးဆိုသလို ဖုန်းနဲ့ပတ်သက်တဲ့ accessory တွေ သဘောကျတဲ့သူတွေအတွက် ဒီ ရောင်ပြေးဒီဇိုင်းလေးက စိတ်ကျေနပ်စေမှာပါ။

 

၃။အကျီင်္ံဒီဇိုင်းဆန်းများ

စတစ်ကာတွေနေရာမှာ ဒီလို hologram တွေနဲ့ ဒီဇိုင်းထွင်ထားတဲ့ အကျီအမိုက်စားလေးတွေ ၀တ်ကြည့်လိုက်ပါ။

 

၎။ဖိနပ်များ

Shoe တွေ၊ Boot တွေ၊ High – Top တွေမှာလည်း Hologram ဒီဇိုင်းတွေ အသစ်ဝင်နေပြီမို့ ညဘက် ဒင်နာပါတီ နဲ့ သူငယ်ချင်းတွေ ဖျော်ဖြေပွဲသွားဖို့ချိန်းတဲ့အခါ ၀တ်ဆင်ကြည့်ဖို့ သင့်တော်တဲ့ ဒီဇိုင်းလေးတွေပါ။

 

၅။စကတ်

သူငယ်ချင်းတွေနဲ့ ကလပ်သွားခါနီး ဘာဝတ်ရမှန်းမသိ ဖြစ်နေရင်တော့ ဒီလို စကတ်မျိုးလေးသာ ကောက်စွပ်သွားလိုက်။ အားလုံးငေးရမှာ အသေအချာပဲနော်။

Ref:seventeen.com

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *