ကောင်းကင်တမန်တော်တွေမှာ တောင်ပံမရှိဘူးဆိုတဲ့ အယူအဆ

christian-angels-poem-angel-at-work-153096.jpg
Shares 0

တမန်တော်တွေအကြောင်းလေ့လာသူတစ်ဦးဖြစ်တဲ့ ဗာတီကန်ရဲ့ ဖာသာ ရန်ဇိုလာဗာတိုရီက ဒီဘုရားသခင်ရဲ့တမန်တော်တွေဟာ တကယ်ရှိပေမယ့် တောင်ပံတွေ မရှိကြောင်း၊ အဖြူရောင်ဝတ်စုံအပွကြီးတွေလည်းမ၀တ်ဘဲနဲ့ ခရစ်စမတ်သစ်ပင်ထိပ်မှာလည်း မထိုင်ကြောင်း ပြောကြားလိုက်ပါတယ်။

ကတ်သလစ်ဘုန်းတော်ကြီးဟာ တမန်တော်တွေဟာ သူတို့ ရဲ့ ဌက်မွှေးအတောင်တွေနဲ့ မပျံသန်းပါဘူးတဲ့။ တမန်တော်တွေဟာ ကျောက်တလင်းကနေ ကျွန်တော်တို့ ဆီ အလင်းပြန် လာတဲ့ နေရောင်ခြည်ပုံစံမျိုး နဲ့ တူတယ်လို့ ရောမမြို့ သမိုင်းဝင်အဆောက်အဦး Palazzo della Cancelleria မှာ ပြောကြားခဲ့ပါတယ်။

“ ခရစ်ယာန်ဝါဒရဲ့ တမန်တော်တွေကို ပြန်လည်လေ့လာမှုတွေရှိနေပြီလို့ ကျွန်တော်ထင်ပါတယ်။ "

ဗာတီကန်အပိုင် ယဉ်ကျေးမှုအမွေအနှစ်အဆောက်အအုံ Palazzo della Cancelleria မှာ အီတလီ အနုပညာဖောင်ဒေးရှင်းတစ်ခုက ပြုလုပ်တဲ့ တမန်တော်တွေနဲ့ သက်ဆိုင်တဲ့ အနုပညာလက်ရာတွေအကြောင်းဆွေးနွေးပွဲမှာ ဘုန်းတော်ကြီး လာဗာတိုရီက ၀င်ရောက်ဆွေးနွေးခဲ့တာပါ။ အဲဒီ့ဆွေးနွေးပွဲမှာ “angelos” ဆိုတဲ့ ဝေါဟာရဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ကျော်က ဂရိယဉ်ကျေးမှုက ဆင်းသက်လာတယ်လို့ ဖာသာက ပထမဆုံးအကြိမ် ပြောဆိုခဲ့ပါတယ်။ ရှေးဟောင်းဂရိဘာသာစကား “messenger”  သတင်းဆက်သား ကနေ တမန်တော် ဆိုတဲ့ စကားလုံးဖြစ်လာခဲ့တယ်လို့ ရှင်းလင်းပြသွားပါတယ်။

Loreto Marian ဘုရားဝတ်ပြုကျောင်းရဲ့ ကျောင်းထိုင် မွန်ဆစ်ဂ်နာ ဂျီအိုဗန်နီ က တမန်တော်တွေဟာ သန့် ရှင်းစင်ကြယ်တဲ့ဝိဥာဉ်တွေဖြစ်ပြီး တိကျတဲ့ပုံသဏ္ဍာန်မရှိတဲ့အတွက် ခေတ်အဆက်ဆက်က အနုပညာရှင်ပန်းချီပန်းပုဆရာတွေရဲ့ စိတ်ကူးကွန့် မြူးမှုကနေ အခုခေတ် တမန်တော်ပုံစံတွေဖြစ်လာတယ်လို့ ဆိုပါတယ်။

“ တမန်တော်တွေရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်တာဟာ လူသားတွေရဲ့ သမိုင်းတစ်ခုလုံးကို ပြန်ကြည့်တာပါပဲ ။ တမန်တော်တွေဟာ ဘာသာတရားနဲ့ အတွေးအခေါ်ပိုင်းတို့ ကို မောင်းနှင်ရာမှာ အထောက်အကူပြုခဲ့ပါတယ်။ ကဗျာစာပေနဲ့ အနုပညာဖန်တီးမှုတွေအတွက်လည်း ခမ်းနားတဲ့ ပုံစံတစ်ခု ကို တမန်တော် တွေက ပေးအပ်ခဲ့တယ်လေ” လို့ ဂျီအိုဗန်နီက တွေ့ ဆုံ့ ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

အခုနာမည်ကြီးလူသိများနေတဲ့ ကတ်သလစ်ပုပ်ရဟန်းမင်းကြီး ပုပ်ဖရန်စစ် ဟာ နတ်ဆိုးတွေအကြောင်းလေ့လာလိုက်စားသူတစ်ဦး ဖြစ်တယ်လို့ ဖာသာ လာဗာတိုရီက ပြောဆိုခဲ့ပါတယ်။
“ လူသားတွေကို ဆိုးယုတ်တဲ့အင်အားထုတွေက ပိုပြီး အနှောင့်အယှက်ပေးကြပါတယ်။ ဒါကြောင့် ချက်ခ်ျကျောင်းတွေရဲ့ နတ်ဆိုးနှင်ထုတ်တဲ့အခန်းတွေမှာ လူတွေတန်းစီပြီး စောင့်နေကြတာကို ခင်ဗျားတို့ တွေ့ ရတာပါ”
“ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကလည်း တမန်တော်တွေထက် နတ်ဆိုးတွေအကြောင်း ပိုပြီး မကြာမကြာ ပြောဆိုလေ့ရှိတယ်လို့ ကျွန်တော်သတိထားမိတယ်။ ဒါပေမယ့် အခုအချိန်ဟာ စောပါသေးတယ် ။သူမကြာခင် တမန်တော်တွေအကြောင်းလည်း ပြောဖို့ ဖြစ်လာမှာပါ ” လို့  ရန်ဇို လာဗာတိုရီက ပြောဆိုခဲ့ပါတယ်။

Ref: mirror.co.uk , news.com.au , Wikipedia

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *