ကမ္ဘာပတ်လမ်းကြောင်းမှာ ဆန်တာကလော့စ် နဲ့ သူ့ ရဲ့ သမင်တို့ ကို တွေ့ ရှိ

109914.jpg
Shares 0

သိပ္ပံပညာကို ၀ါသနာပါသူနှစ်ယောက်ဖြစ်တဲ့ မာ့ခ်အိုင်ယာလန် နဲ့ ကတ်စီ ဖဲလ်စ် တို့ အတွဲဟာ ဆန်တာကလော့စ်နဲ့ သူ့ ရဲ့ စွတ်ဖားလှည်း ခေါင်းဆောင် သမင် ရူးဒေါ့ဖ်တို့ ကို ခရစ်စမတ်အမီ အာကာသ သို့ လွှတ်တင်ခဲ့ကြပါတယ်။ မိုးလေ၀သပူဖောင်းတစ်ခုမှာ ဆန်တာကလော့စ်၊ စွတ်ဖားလှည်း၊ သမင်နဲ့ ကင်မရာကို ချိတ်ဆွဲပြီး အာကာသဆီ လွှတ်တင်ခဲ့ကြတာပါ။ နှစ်နာရီအတွင်းမှာပဲ ဆန်တာနဲ့ ရူးဒေါ့ဖ်တို့ ဟာ ကမ္ဘာ့မျက်နှာပြင်ကနေ အမြင့်ပေ ၁၀၀၀၀၀ (တစ်သိန်း) ကျော်ကို ရောက်ရှိသွားပြီး အတူချိတ်ဆွဲလွှတ်တင်လိုက်တဲ့ ကင်မရာက ကမ္ဘာကြီး ရဲ့ အလှပဆုံးမြင်ကွင်းတွေကို ရိုက်ကူးပေးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဟီလီယံဓာတ်ငွေ့ ဖြည့်ထားတဲ့ ပေါင် ၅၀ ကျော် ကုန်ကျတဲ့ ဒီမိုးပျံပူဖောင်းဟာ အမြင့်ပေ တစ်သိန်းကျော်မှာ ပေါက်သွားပြီး ကမ္ဘာမြေပေါ်ကို ပြန်ကျလာခဲ့ပါတယ်။ အဆင်သင့်ပြင်ဆင်ထားတဲ့ လေထီးက ပွင့်သွားပြီး ဆန်တာနဲ့ ရူးဒေါ့ဖ်တို့ ကို လွှတ်တင်ခဲ့တဲ့နေရာနဲ့ မိုင် ၇၀ ကျော်အကွာ ဒင်းန်တောနက်ထဲကို ညှင်ညှင်သာသာ သက်ဆင်းစေခဲ့တာပါ။

Ref: telegraph.co.uk

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *