အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးကြေညာစာတမ်း (အပိုဒ်-၂)

url.jpg
Shares 0

အပြည်ပြည်ဆိုင်ရာလူ့ အခွင့်အရေးကြေညာစာတမ်း

အပိုဒ်(၂)

လူတိုင်း အသားအရောင်၊ လိင်၊ ကိုးကွယ်သည့်ဘာသာ၊ ကျား၊ မ မရွေး တန်းတူညီမျှဖြစ်သည်။

 

အသားအရောင်ခွဲခြားရေးတွေကြောင့် လူမျိုးရေးပြဿနာတွေ၊ ပဋိပက္ခတွေ ကမ္ဘာပေါ်မှာ အမြောက်အမြားစွာဖြစ်ခဲ့ရပါတယ်။ မတူညီတဲ့ အသားအရောင်တွေကြောင့်ပဲ ကမ္ဘာကြီးက ပိုမိုသာယာလှပနေရတာပါ။ ကျား၊မ အခြေပြုခွဲခြားနှိမ်ချဆက်ဆံမှုတွေဆိုရင်လည်း ပထမကမ္ဘာစစ်မစတင်ခင်ကတည်းက ကြုံတွေ့ နေခဲရတဲ့ပြဿနာရပ်တွေပါပဲ။ အခုချိန်အထိ အနည်းနဲ့ အများ ကျား၊ မ ဆိုတဲ့ လိင်ကွဲပြားမှုကို အခြေပြုပြီး ခွဲခြားဆက်ဆံမှု၊ အကြမ်းဖက်မှုတွေရှိနေဆဲပါပဲ။ ထိုနည်းတူပဲ လူအနည်းစုဖြစ်တဲ့ LGBT (လိင်စိတ်ခံယူမှုကွဲပြားသူ)များကလည်း ခွဲခြားဆက်ဆံခံမှုတွေခံနေရရုံသာမကပဲ အကြမ်းဖက်မှုတွေပါ နေရာဒေသအသီးသီးမှာ ခံနေရပါတယ်။ ကိုးကွယ်တဲ့ဘာသာတွေမှာလည်း ဘယ်ဘာသာတရားက ပိုမိုမွန်မြတ်နေတာမရှိပါဘူး။ သူ့ ဘာသာတရားအဆုံးအမနဲ့ သူက ကောင်းမွန်ကြည်ညိုစရာတွေပါပဲ။ ဒါကြောင့် လူတိုင်းလူတိုင်းမှာ ကွဲပြားတဲ့ ရုပ်ဆင်းအင်္ဂါလက္ခဏာနဲ့  ယုံကြည်ကိုးကွယ်မှုတွေရှိနေပေမယ့် တူညီတဲ့အခွင့်အရေးကိုတော့ ရပိုင်ခွင့်ရှိကြပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *