အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးကြေညာစာတမ်း (အပိုဒ်-၁)

tumblr_lqueb70klw1r2y6u4o1_400.jpg
Shares 0

အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးကြေညာစာတမ်း

အပိုဒ်(၁)

လူတိုင်း မွေးဖွားကတည်းက တူညီသော လူ့ ဂုဏ်သိက္ခာနှင့် အခွင့်အရေးရှိသည်။

 

ဆိုလိုရင်းကတော့ လူသားတိုင်းက မိခင်တွေရဲ့ ဝမ်းတွင်းကနေမှတဆင့် လူ့ လောကအလယ်ကို ရောက်ရှိလာခဲ့ကြတာချည်းပါပဲ။ ကွဲပြားခြားနားမှုအနေနဲ့ ကတော့ မိသားစုအသိုင်းအဝိုင်းအခြေအနေ၊ ပတ်ဝန်းကျင်နေရာဒေသနဲ့  လူမျိုး၊ ဘာသာကွဲပြားခြားနားခြင်းတွေပါပဲ။ ဘာတွေဘယ်လောက်ပဲ ကွဲပြားခြားနားမှုတွေရှိနေပါစေ၊ လူရယ်လို့ ဖြစ်လာရင် မွေးကင်းစကလေးလေးအရွယ်ကတည်းကစပြီး တစ်ကမ္ဘာလုံးမှာ အသက်ရှင်နေထိုင်သူတွေ အားလုံးနဲ့ တန်းတူညီမျှတဲ့ လူ့ ဂုဏ်သိက္ခာနဲ့  ရှိနှင့်ပြီးဖြစ်တဲ့ အခွင့်အရေးတွေကို ရရှိပိုင်ခွင့်ရှိပါတယ်။ ဆင်းရဲတဲ့မိသားစုမှာ မွေးဖွားလာခဲ့ရလို့ ခွဲခြားဆက်ဆံခံရမယ်ဆိုတာမျိုး၊ မသန်စွမ်းအဖြစ်မွေးဖွားလာလို့  အပယ်ခံဘဝနဲ့ နေထိုင်သင့်တာမျိုးတွေမရှိသင့်ပါဘူး။

 

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *