ဘာသာရေးနဲ့ ဘာသာဝင်တွေကြားက ကန့် လန့်  ဖြတ်မျဉ်း

relogions1.jpg
Shares 0

မြန်မာနိုင်ငံမှာရှိကြတဲ့ သူတွေအများစု ကိုးကွယ်သက်ဝင်ယုံစားတဲ့ ဘာသာကဘယ်ဘာသာဖြစ်နိုင်မလဲ။ အဓိကအားဖြင့်တော့ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဗုဒဘာသာ နဲ့  အစ္စလာန်ဘာသာဆိုပြီး ဘာသာလေးမျိုးကွဲပြားပြီး ကိုးကွယ်ယုံကြည်နေကြပါတယ်။ လူအများစုကတော့ မိရိုးဖလာ ကိုးကွယ်ယုံကြည်ခဲ့ကြတဲ့ ဘာသာကို ဆက်လက်လက်ခံကိုးကွယ်သွားကြသူတဲ့တွေချည်းပါပဲ။ ဘာသာတစ်ခုကို သေသေချာချာလေ့လာပြီး သက်ဝင်ယုံကြည်ကျင့်သုံးသူတွေကတော့ ကျွန်ုပ်တို့ နိုင်ငံမှာ မရှိစလောက်ကို ရှားပါးလှပါတယ်။ အရှားပါးဆုံးကတော့ လွတ်လပ်စွာတွေးခေါ်သူတွေပါပဲ။ အများစုကတော့ ဘာသာမဲ့လို့ သိထားကြပေမယ့် တချို့ တွေက ဘာသာမဲ့တွေမဟုတ်ပါဘူး။ ဘာသာတရားတိုင်းကို အကောင်းဘက်ကနေ လေ့လာစူးစမ်း ယှဉ်နှိုင်းနေသူတွေပါ။

ရှေးရိုးဓလေ့ထုံးတမ်းစဉ်လာအရ ဒါမှမဟုတ် ခေတ်မှီပြောင်းလဲလာတဲ့ခေတ်ရေစီးကြောင်းအလိုက် ဘာသာရေးကို အလှဗန်းကိုင်ပြပြီး အနုနည်းနဲ့ တစ်ဖုံ၊ အကြမ်းနည်းနဲ့ တစ်မျိုး အမျိုးမျိုးမရိုးနိုင်အောင် ရှေ့ဆောင်လမ်းပြ ခေါင်းဆောင်နေကြတဲ့ ဘာသာရေးခေါင်းဆောင်တွေလည်း ဘာသာတိုင်းမှာရှိနေတာကြောင့် ဘာသာဝင်တွေအများစုမှာ အတွေးခေါင်ပြီး စိတ်ဓာတ်တွေပျက်ပြားခဲ့ရတာ ကျွန်ုပ်တို့ ရဲ့  မြန်မာနိုင်ငံတော်မှာ မနည်းလှပါဘူး။ ဒါကြောင့်မလို့ လဲ ဘာသာရေး ပဋိပက္ခတွေကြုံတွေ့ နေရတာပါ။ ဘာသာတိုင်းကကောင်းတဲ့ ဘာသာတွေပါပဲ။ မကောင်းတဲ့ဘာသာဝင်တွေကြောင့်သာ နာမည်ဆိုးနဲ့ ကျော်ကြားနေရတာပါ။ ဘယ်သူဘယ်ဝါရယ်ကြောင့်ဆိုပြီး မုန့် လုံးစက္ကူကပ်တဲ့နည်းနဲ့  တစ်ယောက်ကိုတစ်ယောက် လက်ညှိုးထိုးအပြစ်ဖို့ နေလို့ လဲ မိမိတို့ ရဲ့ ဘဝအခြေအနေ၊ စိတ်ဓာတ်ရေးရာတွေ တိုးမြင့်မလာနိုင်ပါဘူး။ သင်တို့ ကိုယ်တိုင် ယုံကြည်သက်ဝင်ကိုးကွယ်တဲ့ ဘာသာကို သေချာလေ့လာဆန်းစစ်ပြီး တခြားဘာသာတွေကိုပါ လေးစားတတ်သူတစ်ဦးဖြစ်အောင်ကြိုးစားကြည့်ကြပါ။ သင်ကိုးကိုယ်ယုံကြည်နေတဲ့ ဘုရားသခင်က သင့်ကို သစ္စာမဖောက်ပါဘူး။ မှန်ကန်တဲ့အတွေးအခေါ်တွေနဲ့  စစ်မှန်တဲ့ကိုယ်ကျင့်တရားတွေ ကျင့်သုံးလိုက်နာတတ်ဖို့  ဟောပြောခဲ့ကြတာချည်းပါပဲ။ ဘာသာရေးခေါင်းဆောင်နဲ့ ဘာသာဝင်တွေမှာရှိနေတဲ့ အတ္တစွဲတွေကြောင့် ဘုရားသခင်တွေဟောပြောခဲ့တဲ့ တရားတော်တွေ၊ ကျမ်းစာတွေ၊ ချမှတ်ခဲ့တဲ့ စည်းမျည်းစည်းကမ်းဥပဒေတွေရဲ့  အနှစ်သာရ အယူအဆတွေ ကွဲလွဲမှုရှိပြီး လွဲချော်တဲ့အယူအဆတွေကို  ဘာသာတရားစာတွေမှာ သွတ်သွင်းရေးသား ဟောပြောလာခဲ့ကြလို့ ဘာသာရေးခေါင်းဆောင်တွေရဲ့ ပြောကြားချက်တွေကို မသွေတတိမ်းလိုက်နာဆောင်ရွက်နေမယ့်အစား သင်တို့ ကိုယ်တိုင် ဘုရားသခင်တွေ ကိုယ်တိုင်ဟောပြောခဲ့တဲ့ အကြောင်းအရာတွေကို လေ့လာဖတ်ရှုပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လိုက်နာကျင့်သုံး ကိုးကွယ်သွားနိုင်ခြင်းကသာ စစ်မှန်တဲ့ ဘာသာဝင်ဖြစ်လာနိုင်မှာဖြစ်ပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *