ဆံကေသာတောက်ပ သန်စွမ်း စေနိုင်တဲ့ အစားအစာ (၉)မျိုး

peter_rosa_beauty_hair.jpg
Shares 0

          ပြိုးပြိုးပြက်ပြက် အရောင်ထွက်စေနိုင်တဲ့ လျှို့ဝှက်ချက်တစ်ခုလိုချင်လား။ အာဟာရဖြစ်စေတဲ့ အစားအစာတွေ များများစားပေးခြင်းက ဦးရေပြားရဲ့ ပရိုတိန်းဓါတ်ကို နှိုးဆွပေးပြီး ဦးရေပြားရဲ့ မွှေးညှင်းပေါက်လေးတွေ သွေးလှည့်ပတ်မှုနှုန်းကို မြန်စေနိုင်ပါတယ်။

          အခုဖော်ပြပေးမှာကတော့ ပိုကျန်းမာစေဖို့ ၊ ပိုသန်စွမ်းစေဖို့နဲ့ ပိုမိုတောက်ပစေဖို့ သင့်ကို ကူညီပေးနိုင်တဲ့ အစားအသောက်တွေပါပဲ။ ဒါ့အပြင် မျက်တောင်နဲ့ လက်သည်းတွေကိုလည်း ပိုမို အားပြည့် သန်စွမ်းစေနိုင်ပါတယ်။

(၁)     Brown Rice

          ဆန်ညိုမှာပါဝင်တဲ့ သံဓါတ်နဲ့ ဗီတာမင် B ဓါတ်တို့ဟာ ဆံပင်ရဲ့ ဆွဲနိုင်ကျုံ့နိုင်အားကို တိုးတက်စေပြီး ဆံပင် ကြွတ်ဆတ်ဆတ်ဖြစ်နေတာကို ကာကွယ်ပေးပါတယ်။

(၂)     Swiss Chard

          မက်ဂနီဆီယမ် ၊ ဗိုက်တာမင် C နဲ့ ဆာလ်ဖာစတဲ့ အားပြည့်စေတဲ့ ဓါတ်တွေက ဒီအရွက်မှာ အပြည့်အ၀ပါဝင်ပါတယ်။ ဆံပင်ကိုတောက်ပစေပြီး ဆံပင်ရှုပ်ထွေးခြင်းမှ ကင်းဝေးစေပါတယ်။

(၃)     Chia Seeds

          အိုမီဂါ-၃ အဆီဓါတ်ပါဝင်တဲ့ ဒီအစေ့ဟာ လည်း ဆံပင်ကိုအလားတူ အကျိုးပြုပါတယ်။

(၄)     Organic Eggs

          ဇင့် ၊ ဆာလဖာနဲ့ ကလိုရင်ဓါတ်တွေအားလုံးဟာ အာဟာရ ပြည့်ဝစေတာချည်းပဲ ဖြစ်တာကြောင့် သင့်ဆံပင်ကို အကောင်းဆုံး အကူအညီပေးနိုင်ပါတယ်။

(၅)     Figs (သဖန်းသီးများ)

          သဖန်းသီးတွေဟာ သံဓါတ်အလွန်ပေါကြွယ်ဝပါတယ်။ ဦးရေပြား လှည့်ပတ်မှုနှုန်းနဲ့ ဆံပင်ပြန်လည်သန်စွမ်းဖို့ အဓိအကအထောက်အကူပြုတာ သံဓါတ်ပါ။

(၆)     Pink Grapefruit (ပန်းရောင် ဂရိတ်ဖရုသီး)

          ဒီအသီးမှာ ဗီတာမင် C ပါဝင်မှုနှုန်း အလွန်မြင့်မားတဲ့အတွက် ဆံပင်ကို ကာကွယ်ရန်နဲ့ အားဖြည့်ရန် အလိုအပ်ဆုံး သော့ချက်ပါပဲ။

(၇)     Kale (ကိုက်လန်)

တောက်ပပြီး ပျော်ရွှင်သန်စွမ်းတဲ့ ဆံပင်တွေရဖို့ ကိုက်လန်ကို များများစားပေးပါ။

(၈)     Olives

            သံလွင်ဆီတွေဟာ ဗီတာမင် E ကြွယ်ဝပြီး ဆံပင်ရဲ့ မွှေးညှင်းပေါက်လေးတွေ သွေးလှည့်ပတ် မှုနှုန်း မြန်ဆန်စေပါတယ်။ ရှင်သန်ကြီးထွားစေဖို့ နှိုးဆွပေးနိုင်ပြီး ဗီတာဓါတ်ပြည့်ဝစေပါတယ်။ 

(၉)     Red Cabbage

          အနီရောင် ဂေါ်ဖီထုပ်တွေက ဆံပင်ကို သန်စွမ်းစေနိုင်ပြီး နေရောင်ခြည်နဲ့ ဓါတတုပစ္စည်းတွေကြောင့်ဖြစ်တဲ့ ဆံပင်ပျက်စီးမှုတွေကို လျော့ချပေးနိုင်ပါတယ်။

Ref:elle

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *