ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ အကောင်းဆုံးအချိန်

Shares 0

ခန္ဓာကိုယ် ပျက်စီးယိုယွင်းမှုကို ကာကွယ်ချင်တယ် ဆိုရင်တော့ မနက်စောစောမှာ လေ့ကျင့်ခန်းမလုပ်ပါနဲ့။ မနက် အိပ်ရာထချိန်မှာ သင့်ရဲ့သဘာဝ ကိုယ်အပူချိန်ဟာ နည်းပါးနေပါတယ်။ ဒီလိုအချိန်မှာအိပ်ရာထဲကနေအဆင်သင့်ခုန်ထွက်ပြီး လေ့ကျင့်ခန်းလုပ်ဖို့ အဆင်မပြေနိုင်ပါဘူး။ ဒီလိုအချိန်မှာလေ့ကျင့်ခန်းလုပ်မိရင်နာကျင်မှုကိုပိုခံစားရနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့အချိန်ကတော့ညနေ ၄နာရီနဲ့ ၈နာရီကြားပါပဲ။ ဒီတော့လေ့ကျင့်ခန်းလုပ်တာဟာအကျိုးရှိတာမှန်ပေမယ့်မှန်ကန်တဲ့အချိန်နဲ့လေ့ကျင့်ခန်းအမျိုးအစားကိုရွေးချယ်နိုင်လိမ့်မယ်လို့ထင်ပါတယ်။

Shares 0
pure-fitness-5-healthy-living-tips-lifestyle-asia-655x380.jpg
Shares 0

ဘယ်အချိန်ကများ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ အကောင်းဆုံးအချိန်ဖြစ်မလဲဆိုတာ သိချင်ကြမလား။ “အားကစားရုံသွားဖို့ငါ့အားကစားဝတ်စုံကိုလှမ်းယူလိုက်တဲ့ အချိန်တိုင်းပဲပေါ့” လို့မင်းကပြန်ဖြေလိမ့်မယ်။ ဒီလိုဖြေတဲ့အတွက်မင်းမမှားပါဘူး။ ဒါပေမဲ့မင်းရဲ့ ခန္ဓာကိုယ်ကတော့တစ်နေ့ထက်တစ်နေ့လေ့ကျင့်ခန်း လုပ်တဲ့ရလဒ်ချင်း မတူနိုင်ပါဘူး။ ကျွမ်းကျင်မှုကမင်းရဲ့ အကောင်းဆုံး လေ့ကျင့်မှုအချိန်ဇယား ရေးဆွဲတဲ့နေရာမှာဘယ်လိုအထောက်အကူပေးတယ်ဆိုတာလေ့လာကြည့်ရအောင်။ 

 

(၁) တကယ်လို့များ ဒီနေ့မှာစိတ်ပင်ပန်းမှုများမယ့် အစည်းအဝေးတစ်ခု လုပ်စရာရှိတယ်ဆိုရင် အစည်းအဝေးမတိုင်ခင် လေ့ကျင့်ခန်းလုပ်ပါ။ မိနစ်၃၀လောက် အတန်အသင့်လေ့ကျင့်ခန်းလုပ်လိုက်တာဟာ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတချို့ဖြစ်တဲ့ မူးဝေထိုင်းမှိုင်းနေတာမျိုးကို လျော့ပါးစေပါတယ်။ “ဦးနှောက်ရဲ့ စိတ်ဖိစီးမှုတွေကို တုံ့ပြန်တဲ့နေရာမှာပင်ပန်းမှုကိုသက်သာလျော့ပါးစေပါတယ်”လို့မေရီလန်း တက္ကသိုလ်ကလက်ထောက်ပရော်ဖက်ဆာ Ph.DJ.Carson က ပြောပါတယ်။ “လ့ကျင့်ခန်းလုပ်ပြီးလို့ ၁၅မိနစ်လောက်အကြာမှာဘဲ လန်းဆန်းလာတာကို ခံစားမိနိုင်ပါတယ်” လို့လည်း ပြောထားပါတယ်။

 

(၂) အိပ်ရခက်နေရင်တော့မအိပ်ခင်အချိန်မှာမှန်ကန်တဲ့လေ့ကျင့်ခန်းတစ်ခုလုပ်လိုက်ပါ။ အားလုံးကြားဖူးထားတာကကြံ့ခိုင်ဖို့အတွက်လုပ်တဲ့လေ့ကျင့်ခန်းတွေဟာ မအိပ်ခင်လုပ်မိရင် အိပ်ပျော်ရခက်ခဲတယ်ဆိုတာပါ။National Sleep Foundation ရဲ့ လေ့လာတွေ့ရှိချက်အသစ်တစ်ခုအရ တကယ်လို့များမင်းဟာ အိပ်ရေးချို့တဲ့သူ တစ်ယောက်ဆိုရင်မိနစ်(၃၀)လောက်ယောဂလိုလေ့ကျင့်ခန်းမျိုးလုပ်ပေးတာ[ာအိပ်ရေးပျက်ခြင်း ကိုသက်သာစေနိုင်သလို အိပ်စက်မှုအရည်အသွေးကိုလဲမြှင့်တင်ပေးနိုင်ပါတယ်။ 

 

(၃) ခန္ဓာကိုယ်ပျက်စီးယိုယွင်းမှုကို ကာကွယ်ချင်တယ်ဆိုရင်တော့ မနက်စောစောမှာ လေ့ကျင့်ခန်းမလုပ်ပါနဲ့။ မနက်အိပ်ရာထချိန်မှာ သင့်ရဲ့သဘာဝကိုယ်အပူချိန်ဟာ နည်းပါးနေပါတယ်။ ဒီလိုအချိန်မှာအိပ်ရာထဲကနေအဆင်သင့်ခုန်ထွက်ပြီး လေ့ကျင့်ခန်းလုပ်ဖို့ အဆင်မပြေနိုင်ပါဘူး။ ဒီလိုအချိန်မှာလေ့ကျင့်ခန်းလုပ်မိရင်နာကျင်မှုကိုပိုခံစားရနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့အချိန်ကတော့ညနေ ၄နာရီနဲ့ ၈နာရီကြားပါပဲ။ ဒီတော့လေ့ကျင့်ခန်းလုပ်တာဟာအကျိုးရှိတာမှန်ပေမယ့်မှန်ကန်တဲ့အချိန်နဲ့လေ့ကျင့်ခန်းအမျိုးအစားကိုရွေးချယ်နိုင်လိမ့်မယ်လို့ထင်ပါတယ်။ 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *