ဘောလုံးသမားမဖြစ်ခဲ့ရင် ဆရာဝန်ဖြစ်ခဲ့မှာပါဆိုတဲ့ ကာဒစ်ဖ်စီးတီးတိုက်စစ်မှူး ပီတာအိုဒန်ဝင်ဂီ

article-0-1a1b277700000578-796_634x471.jpeg
Shares 0

မေး- ခင်ဗျားအတွက် အားကစားလောက ဟီရိုးဆိုတာရှိခဲ့ဖူးလား။ ဘယ်သူပါလဲ။

ဖြေ- ရှိတယ်ဗျ။ ခင်ဗျားသူ့ကိုသိမယ်တော့မထင်ပါဘူး။ စပါးတပ်မော်စကိုမှာ ကစားခဲ့တဲ့အီလ်ယာတက်ဆင် ဘယ်လ်လာပါ။ ရုရှားမှာ ကြီးပြင်းလာတဲ့တော့ သူကစားတာကို အများကြီးကြည့်ခဲ့ဖူးတယ်။ သူက ဘယ်ညာ နှစ်ဖက်လုံးကစားနိုင်တဲ့ ကွင်းလယ်ကစားသမားတစ်ဦးပေါ့။ သူ့ကြောင့်ပဲ ကျွန်တော်ဘယ်ညာသန်အောင်လို့ နာရီပေါင်းများစွာလေ့ကျင့်ခဲ့ပါတယ်။

မေး-အားကစားသမားတစ်ယောက်ဖြစ်မလာခဲ့ဖူးဆိုရင် ဘာလုပ်ဖြစ်နေမယ်ထင်လဲ။

ဖြေ-အမေနဲ့အဖေက ဆရာဝန်တွေလေ။ မိဘတွေခြေရာပဲ နင်းဖြစ်ခဲ့မှာပေါ့။

မေး-ဘောလုံးမဟုတ်ဘဲ အခြားအားကစားနည်းထဲမှာ ဘာကိုသဘောကျသလည်း။

ဖြေ-အခုလက်ရှိဘ၀ကို ကျေနပ်ပါတယ်။ ရော်နယ်လ်ဒိုကို တအားသဘောကျခဲ့တာလေ။ ဒိုကြီးကိုပြောတာ။သူ့ရဲ့လှုပ်ရှားမှုတွေက တကယ်ကောင်းတယ်။ ခုချိန်ထိလည်း YouTbue  မှာ ပြန်ပြန်ကြည့် ပြီး အတုယူနေရတုန်းပဲဗျ။ သူကအရမ်းခွန်အားကြီးပြီး ထိရောက်လွန်းသူပါ။ ဘောလုံးကစားနည်းက သူ့အဖို့ လွယ်ကူလွန်းနေသလိုပါပဲ။

မေး-ဘောလုံးသမားဘ၀ အမှတ်တရဖြစ်ရပ်ဆိုတာ ရှိခဲ့ဖူးလား။

ဖြေ-၂၀၀၈ဘေဂျင်းအိုလံပစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ နိုင်ဂျီးရီးယားအတွက် ကိုယ်စားပြုပြီး မက်ဆီပါဝင်ခဲ့တဲ့ အာဂျင် တီးနားနဲ့ ရင်ဆိုင်ခဲ့ရတဲ့ပွဲပေါ့ဗျာ။ ကျွန်တော်တို့ရှုံးခဲ့တယ်။ အဲဒီတုန်းက ရခဲ့တဲ့ငွေတံဆိပ်ကိုသိမ်းထားပြီး တစ် ခါတရံထုတ်ကြည့်မိပါတယ်။

မေး-အဆိုးဝါးဆုံး အမှတ်ရရောရှိခဲ့သေးလား။

ဖြေ-၂၀၀၆ ကမ္ဘာ့ဖလားကို ခြေစစ်ပွဲမအောင်ခဲ့ခြင်းပဲဗျာ။ အိမ်ကွင်းမှာ အန်ဂိုလာအသင်းနဲ့ (၁-၁)သရေကျ ခဲ့ချိန်က တော်တော်စိတ်ထိခိုက်ခဲ့ဖူးတယ်။ အဲဒီထက်ကောင်းအောင် လုပ်ခဲ့သင့်တာပါဗျာ။

မေး-တစ်ယောက်ယောက်ဆီကနေ အကောင်းဆုံးအကြံဥာဏ်ရခဲ့ဖူးတာမျိုးရှိခဲ့လား။

ဖြေ-ကျွန်တော့်မင်္ဂလာဆောင်မှာ သတို့သားအရံလုပ်ပေးခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်း အော်စတင်ပါ။ သူကကျွန် တော့ကိုယ်ကျွန်တော်ယုံကြည်ချက်ရှိဖို့နဲ့ ရှိသမျှခြေစွမ်းခြေစတွေ အားလုံးပေါ်ထွက်လာအောင်ကြိုးစားဖို့ အမြဲ တမ်းတိုက်တွန်းပေးခဲ့ပါတယ်။

မေး-ဒါနဲ့ ခင်ဗျား ဟင်းချက်တတ်လားဗျ။ အကောင်းဆုံးချက်နိုင်တဲ့ဟင်းရှိလား။

ဖြေ-တော်တော်လေးချက်တတ်တယ်။ နိုင်ဂျီးရီးယားရုံးပတီးသီးဟင်းချိုတစ်မျိုးကို ကောင်းကောင်းချက်တတ် ပါတယ်။ အစိမ်းရောင်အသီးအရွက်တွေနဲ့ ချည်းချက်ရတဲ့ဟင်းတစ်မျိုးပေါ့။

မေး-ဟုတ်ပါပြီ။။ အားလပ်ရက်တွေမှာ ကိုယ်အသွားချင်ဆုံးနေရာတစ်ခုဆိုပြီး ရှိလား။

ဖြေ-မိသားစုတွေရှိတဲ့ နိုင်ဂျီးရီးယား၊ ဒါမှမဟုတ် ကြီးးပျင်းခဲ့တဲ့ရုရှားကိုသွားချင်ပါတယ်။ အားလပ်ရက်မှာ ဇနီး နဲ့အတူ မီယာမီကမ်းခြေကိုသွားတတ်တယ်။ (၃)ကြီမ်လောက်ရှိပါပြီ။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *