စာချုပ်ရှိတဲ့အတွက် အခက်အခဲတွေ ရှိပေမယ့် နှစ်ဦးနှစ်ဖက် နားလည်မှု ထားထားပါတယ်လို့ ဆိုတဲ့ ရွှေပိုးအိမ်

429551_3948698964152_487506954_n.jpg
Shares 0

မာန်ထက်ချီဗီဒီယိုထုတ်လုပ်ရေးရဲ့ ဒုတိယမင်းသမီးနေရာကနေ လျှောက်လှမ်းရင်း အကယ်ဒမီဗန်းကိုင်ကနေပါ လူသိလာတာကြောင့် သူမနဲ့ တွေ့ဆုံချိန်လး မေးမြန်းဖြစ်တဲ့ အကြောင်းအရာတွေကတော့ ‘မနေ့ကပဲ ခရီးသွားမိသားစုဆိုတဲ့ ကားလေးကို ကိုခန့်၊ မကြီးစိုး၊ ယုန်လေးတို့နဲ့အတူသရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းလေးက ဟာသလဲပါတယ်။ သမီးလုပ်ခဲ့တဲ့ ကာရိုက်တာတွေထဲမှာ အဆန်းပေါ့နော်။ ခါးပိုက်နှိုက်လုပ်ရတာပေါ့။ ကိုခန့် ကသူခိုး၊ မကြီးစိုးက ကေတီဗီက ကောင်မလေးတွေကို ခိုင်းတဲ့မိန်းမပေါ့။ ကိုယုန်လေးက ဂျလေဘီပေါ့နော်။ ဒီ၎ယောက်ပေါင်းပြီး ကျောက်စိမ်းတွေသွားယူတယ်။ လူရှေ့မှာတော့ မိသားစုပေါ့။ တစ်ယောက်နဲ့တစ်ယောက် အကွက်ရွှေ့တဲ့ပုံစံလေးပါ’လို့ သူလက်ရှိရိုက်နေတဲ့ ဇာတ်ကားထဲက ကာရိုက်တာတစ်ချို့ကို ပြောပြသွားပါတယ်။

အရင်နှစ် အကယ်ဒမီပေးပွဲမှာ ဗန်းကိုင်လုပ်ခဲ့ သူမက ဒီနှစ် အကယ်ဒမီနဲ့ ပတ်သတ်တဲ့ စိတ်ခံစားချက်ကိုတော့ ‘ဒီနှစ်အကယ်ဒမီက တက်ဖြစ်မှာပါ။ ၀တ်စုံက သေချာ မရွးရသေးဘူး။ ၂ယောက်၊ ၃ယောက်လောက်ကို ပြောထားတယ်။ ပွဲကျရင် အဆင်မပြေမှာစိုးလို့လေ။ ဒီဇိုင်နာက မမော်ရယ်၊ နောက်တစ်ယောက်က နာမည်သေချာမသိသေးဘူး။ အရင်နှစ်ကကျတော့ ဗန်းကိုင်ဆိုတဲ့အတွက် ကိုယ်က ပါဝင်အားဖြည့်ပေးရတယ်။ အဲဒီပီတိကတစ်မျိုး။ ဒီနှစ်က ကျတော့ကိုယ့်ရဲ့ အနုပညာမောင်နှမတွေကိုသွားအားပေးရမှာဆိုတော့ ခံစားချက်ကတစ်မျိုး အဲလိုလေးတော့ကွာတယ်။ ဘယ်အနုပညာမောင်နှမတွေ ဘယ်သူပဲရရ ကျေနပ်တယ်။ ကိုယ်ကကျတော့ သူတို့ကိုဝေဖန်နိုင်ဖို့အင်အားမရှိသေးတော့ မသိဘူး။ ဘယ်သူ့ကို မဆိုရစေချင်ပါတယ်။ လူကြီးတွေက ဆုံးဖြတ်မှာပါ’တဲ့။

မာန်ထက်ချီနဲ့ စာချုပ်လဲရှိတဲ့အတွက် အပြင်တိုက်တွေနဲ့ရိုက်တဲ့အခါ အဆင်ပြေအောင်ဘယ်လို လုပ်သလဲဆိုတာကိုလည်း သူမက ‘ရက်တိုက်ခဲ့တယ်ဆိုရင်တောင် မနက်ပိုင်း၊ ညပိုင်းခွဲထားတယ။် စာချုပ်ရှိတဲ့အတွက် အဆင်မပြေမှုတွေရှိတယ်။ အခက်အခဲလဲနည်းနည်းရှိတယ်။ ဒါပေမဲ့ ကိုယ့်ကို တင်တဲ့တိုက်က ကိုယ်ဘာမှမသိသေးတဲ့အချိန်ကတည်းက သူ့ကြောင့် ဒီလောကထဲကို ၀င်လာရတယ်။ ကိုယ်က အမြဲသူ့ဘက်ကြည့်တယ်။ သူတို့ကလဲ ကိုယ့်ဘက်ကိုကြည့်ပေးတယ်။ လွတ်လပ်ခွင့်ပေးတယ်။ သူတို့ဘက်ကကျတော့လဲ မင်းသမီးအပြိုင်ဇာတ်ကို မရိုက်နိုင်ဘူး။ ခေါင်းဆောင်တင်ဖို့ကလဲ အခြေအနေမရှိသေးဘူး။ ဒုတိယနေရာကပဲကြည့်ရင် ပရိသတ်လဲ အမြင်ရိုးတယ်။ အဲဒီတော့ သမီးရေ နောက်ကားတွေမပါသေးဘူးဆိုလဲ ကိုယ့်ဘက်ကနားလည်တယ်။ ဘာလို့လဲဆိုတော့ ထုတ်လုပ်ရေးတွေက ဆုံးရှုံးမှုတွေများတဲ့အတွက် ကိုယ်ကလဲ နားလည်ပေးပါတယ်’လို့ ဖွင့်ဟသွားပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *