ရေခြားမြေခြား နာမည်ကျော်ကြားနေတဲ့ Park Shin Hye နဲ့ Kim Woo Bin

6ccde119d472b6a787a06e881c1.jpg
Shares 0

            သရုပ်ဆောင် Park Shin Hye နဲ့ Kim Woo Bin တို့ဟာ နိုင်ငံရပ်ခြားမှာ အကျော်ကြားဆုံး သရုပ်ဆောင်များအဖြစ် ဆုရရှိခဲ့ပါတယ်။ ဒီဇင်ဘာလ (၁၈)ရက်နေ့မှာ ကျင်းပတဲ့ “2013 Anhi TV Drama Awards” ဆုပေးပွဲမှာ ဒီဆုကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။

          ဒီဆုပေးပွဲကြီးဟာ ဂျပန် ၊ ကိုရီးယား ၊ ဟောင်ကောင်နဲ့ အခြားအာရှမှာ ရှိတဲ့နိုင်ငံတွေက အကျော်ကြားဆုံး သရုပ်ဆောင်တွေကို ရွေးချယ်ဆုပေးတာဖြစ်ပါတယ်။

          တရုတ်ပြည်မှာ အလွန်နာမည်ကြီးပြီးသား ဖြစ်တဲ့ Park Shin Hye ဟာ အနက်ရောင် ဂါဝန်ရှည်ကို ၀တ်ဆင်ထားပြီး သူမရဲ့ ကျေးဇူးတင်စကားကိုတော့ အလွန်သွက်လက် ပီသလှတဲ့ တရုတ်စကားနဲ့ ပြောကြားသွားပါတယ်။ The Heirs ဇာတ်ကားမှာ သူမသီဆိုထားတဲ့ OST ကိုလည်း သီဆိုသွားပြီး ပရိသတ်အကြိုက်ကို အတော်လေးရရှိခဲ့ပါတယ်။

          ပြည်တွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ Park Shin Hye ဟာ တရုတ်မှာ နာမည်ကျော်ကြား ပြီးသား မင်းသမီးတစ်လက်ဖြစ်တဲ့အတွက် တရုတ်ပြည်သူတွေက အခုလိုသူမ ဆုရရှိတာကို အရမ်းပဲ ၀မ်းသာနေကြပါတယ်။ ဒီဇင်ဘာလ (၂၀)ရက်နေ့မှာ သူမရဲ့ fans တွေကို တွေ့ဆုံဖို့ ဂျပန်ကို သွားမှာဖြစ်ပြီး အဲဒီမတိုင်ခင် အင်တာဗျူးတွေ လက်ခံဖြေဆိုမယ်လို့ သိရပါတယ်။

          Kim Woo Bin ကလည်း သူ့ရဲ့ fans တွေအတွက် အလားတူ ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။ Park Shin Hye နဲ့ Kim Woo Bin တို့နှစ်ဦးစလုံးဟာ “The Heirs” ဇာတ်ကားမှာ ပါဝင်တဲ့ သူတို့ရဲ့ အချစ်ဇာတ်ကွက်တွေနဲ့ တောက်လျှောက်အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

Ref:kpopstarz

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *