Body Spa လုပ်တာဟာ လှတာတစ်ခုတည်းအတွက်မကပဲ ကျန်းမာရေးအတွက်လည်း ကောင်းစေပါတယ်လို့ ဆိုတဲ့ ROHTO Beauty & Spa မှမဥမ္မာ

img_4655.jpg
Shares 0

ခုခေတ်မှာ အမျိုးသမီးသာမက အမျိုးသားတွေလည်း အသားအရေထိန်းသိမ်းမှုတွေ ပုံမှန်လုပ်ပေးဖို့ လိုအပ်သလို လူငယ်တွေမှ အလှပြင်ဆိုင်သွား၊ Spa သွားကြတာ မဟုတ်ပါဘူး။ လူကြီးတွေလည်း ကိုယ့်ရဲ့ အသားအရေကို ပုံမှန်ထိန်းသိမ်းရင်း ကိုယ့်ရဲ့ Lifestyle ကို ပြောင်းလဲလာကြပါပြီ။ ဒါ့ကြောင့် မိမိရဲ့အသားအရေကို ဘယ်လို ပြုပြင်ထိန်းသိမ်းသင့်တယ်ဆိုတာလေးတွေ သိရအောင် ROHTO Beauty&Spa က မဥမ္မာ(Body Spa) ကို ခုလိုမေးမြန်းဖြစ် ခဲ့ပါတယ်။

Body Spa လာလုပ်ကြသူတွေက များသောအားဖြင့် ဘာကြောင့် Spa ကို ရောက်လာကြတာများပါသလဲ။ အဲ့ဒါလေး အရင်ဆုံးပြောပြပေးပါ။

Body Spa ကပြောရရင်တော့ ပင်လယ်ကမ်းခြေကို ခရီးထွက်ပြီးပြန်လာကြတဲ့သူတွေဆို သူတို့ရဲ့ အသားအရေတွေက ပျက်စီးလာတယ်လေ။ အဲဒီလိုပျက်စီးနေတဲ့ အသားအရေတွေကို ပြန်ပြီးတော့ ပြုပြင် ထိန်းသိမ်းပေးသင့်တာပေါ့။

လုပ်နည်းဘယ်နှစ်မျိုးရှိပါသလဲ။ ဘယ်လိုလူမျိုးတွေလုပ်သင့်ပါသလဲ။

Body Spa လုပ်နည်း သုံးမျိုးရှိပါတယ်။ ထိုင်းကလာတဲ့ ပေါင်ဒါအမှုန့်နဲ့အသုံးပြုတာဖြစ် ပါတယ်။ Scrub လုပ်တဲ့အဆင့် မှာတော့  ဂျီးချွတ်ယုံသက်သက်ပါပဲ။ ပြီးတော့မှ Whitening လုပ်ပေးပါတယ်။ အသားအရေကိုပြန်ပြီးတော့ ကြည်လင် ဖြူဖွေးပြီးပြောင်လက်သွားအောင်လုပ်ပေးလိုက်တာ ဖြစ်ပါတယ်။  နောက်Maskလုပ်ပေးတယ်။ Mask ကတော့ အရေးအကြောင်းရှိ တဲ့သူနဲ့ နေလောင် ဒဏ်ခံထားရသူတွေ၊ အသားအရေမညီညာတဲ့သူတွေ လုပ်ပေးရင် အကောင်းဆုံးပါပဲ။ နောက်ပြီးကြာစိရှိတဲ့သူတွေလည်း ပြုလုပ်နိုင်ပါ တယ်။ 

Body Spa ပြုလုပ်ထားတဲ့သူတွေကနေပူထဲသွားလာတာရှောင် ရှားသင့်တယ်လို့ ဆိုတာဟုတ်ပါသလား။

နေပူကတော့ ရှောင်သင့်ပါတယ်။ အင်္ကျိလက်ရှည် ၀တ်တာတို့၊ ထီးဆောင်းတာတို့ပြုလုပ် သင့်ပါတယ်။ ပေါင်းစက်ထဲ ၀င်ထားတဲ့ အသားအရေက နုသွားပြီလေ။ အဲဒီလိုအသားအရေ နုနေတဲ့ အချိန်မှာ နေပူမိခဲ့မယ်ဆိုရင်တော့ အသားအရေကို ပိုပြီးပျက်စီးစေလို့ ရှောင်စေချင်ပါတယ်။

Body Spa ပြုလုပ်မယ်ဆိုရင် နေပူထဲမှာသွားလာလှုပ်ရှား  ပြီးတော့အလုပ်လုပ် နေရတဲ့သူုတွေ အတွက် တော့အဆင်မပြေစေနိုင်ဘူးပေါ့။

အဲဒီလိုတော့ ပြောလို့မရပါဘူး။ နေပူလို့ ဆုံးရှုံးသွားမဲ့ ခန္ဓာကိုယ်က အဆီဓာတ်၊ ပျက်စီးသွားမဲ့ အရေပြားတွေကိုမဖြစ် ခင်ကတည်းက ကြိုတင်ကာကွယ် သင့်ပါတယ်။ Body Scrub လုပ်လိုက် ခြင်းအား ဖြင့်ပိုပြီးခံနိုင်ရည် ရှိသွားစေတာမျိုးပေါ့။ Body Scrub လုပ်လုပ် ပြီးချင်းမှာအပြင် ကို ထွက်တာမျိုးကို ဆင်ခြင် ဖို့ပြောတာပါ။ နောက်နေ့တွေမှာ ပုံမှန် သွားလာလှုပ်ရှားနိုင် ပါတယ်။

Body Spa လုပ်တာအသားအရေပါးသွားစေတယ်လို့ လူတော်တော် များများကသိထားကြတာနဲ့ ပတ်သက်ပြီးရှင်းပြပေးပါ။

ဟုတ်ပါတယ်။ လူတော်တော် များများက Body Scrub လုပ်တာအသားအရေကို ပါးသွားတယ်လို့ ထင်နေ ကြတယ်ပေါ့။ တကယ်တမ်းပြောရရင် မဆိုင်ပါဘူး။ အရေပြားဆိုတာ လူတစ်ယောက်မှာမွေးကတည်းက ပါးတဲ့အရေပြားကပါးပြီးတော့ ထူတဲ့အရေပြားကထူတာလေ။ Body Scrub လုပ်လိုက်လို့ ပါးသွားတယ် ဆိုတာမျိုးမရှိပါဘူး။ အရေပြားပေါ်မှာရှိတဲ့ ဆဲလ် တွေကို ပြုလုပ်ပေးတာဖြစ်ပါတယ်။ တစ်ချို့တွေကသဲပါတဲ့ Scrub တွေကိုအသုံးပြုကြတာတွေ့ရတယ်။ ကျောက်တုံးလေးတွေသုံးပြီးမည်းနေတဲ့ ညိုသကြီးတို့၊ တံတောင်ဆစ်တို့ ကိုဖြူလာအောင် ပွတ် တိုက်တယ်ဆိုတာမျိုးက မှားတယ်။ အဲဒီလိုမတိုက်သင့်ပါဘူး။ ပိုလို့တောင် အရွတ်ထပြီး မည်းစေပါတယ်။

Body Spa ကိုမိမိအိမ်မှာကိုယ်တိုင် ပြုလုပ်တာကရောဘယ်လောက် အကျိုးသက်ရောက် မှုရရှိ စေပါသလဲ။

ဆိုင်မှာကျတော့ ဂျီးချွတ်တာပါလုပ်ပေးတာဆိုတော့ အသားအရေကို ၀င်းဝါစေတယ်လေ။ ချွေးလည်းပေါင်းပေးတာဆိုတော့ ကိုယ့်ရဲ့ အိမ်မှာလုပ်တာထက်တော့ ကွာတာပေါ့။ ပြီးတော့ မိန်းကလေး တစ်ယောက်က တစ်နေ့ကိုတစ် ခါလောက်တော့ ပုံမှန်ချွေးထွက်သင့်ပါတယ်။ ချွေးမထွက်ဘူးဆိုရင် အသားအရေခြောက်တဲ့သူဖြစ်လို့ပဲ။ ချွေးထွက်မှ မျက်နှာရော၊ ခန္ဓာကိုယ်မှာရှိတဲ့အသားအရေရော ၀င်းသွားစေတယ်။ ခန္ဓာကိုယ် အနှံ့လုံးကိုလဲ နှံ့နှံစပ်စပ် သေချာထိရောက် တယ်လေ။ အိမ်မှာသုံးတာကျတော့ အသားအရေချောသွားတာပဲရှိပါတယ်။ ကိုယ့်ဘာသာကိုယ် လုပ်ရတာဆိုတော့ ခန္ဓာကိုယ် အနှံ့လည်းရောက်ချင်မှရောက်မှာလေ။ ပြီးတော့ နည်းစနစ်တွေ လည်းကွာသေးတယ်လေ။

Body Spa ကိုပုံမှန် ဘယ်နှစ်ကြိမ်လောက်  ပြုလုပ်လို့ ရပါသလဲ။-

အစ်မတို့ ဆိုင်ကသုံးတဲ့ ဆေးကသိပ်ပြီးအသားအရေကိုSensativeမဖြစ်ဘူး။ တစ်ပတ်တစ် ကြိမ်လည်းလုပ် လို့ရပါတယ်။ နှစ်ပတ်တစ်ကြိမ် လည်းလုပ်လို့ ရတယ်။ တစ်လတစ်ကြိမ် ဆိုလည်းလုပ်လို့ရပါတယ်။ ခြောက်လတစ်ကြိမ်၊ တစ်နှစ်တစ် ကြိမ်လုပ်မယ် ဆိုလည်းရတယ်။ အစ်မတို့ ဆေးက အကြာကြီးရေရှည်ခံပါတယ်။ 

Body Spa  ပြုလုပ်တာနဲ့ ပတ်သက်ပြီးအကြံပြုချက် လေးပြောပြပေးပါ။

ကိုယ်တတ်နိုင်တဲ့ ၀င်ငွေအတိုင်းအတာကိုချိန်ပြီးတော့ တစ်လတစ်ကြိမ် ဖြစ်စေ၊ နှစ်ကြိမ်ဖြစ်စေ၊ သုံးလတစ်ကြိမ်ဖြစ်စေ လုပ်သင့်ပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ သွေးလေလှုပ်ရှားမှုအတွက် လည်း အရမ်းကောင်းစေပါတယ်။ အကြောတွေပြေပြီး ပျော့ပြောင်းစေတယ်။ လှတာတစ်ခုတည်းအတွက် မကပဲ ကျန်းမာရေးအတွက်ပါ တကယ်ကိုကောင်းစေတာမို့ Body Spaလုပ်ဖို့ အကြံပေးချင်ပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *