ဘရာဇီးလ်ကမ္ဘာ့ဖလားမှာ ကွင်းလယ်ဒိုင်တွေ မဖြစ်မနေဆောင်ရတော့မယ့် Spray ဘူးတဲ့ ..

c.jpg
Shares 0

ဘောလုံးပွဲတိုင်းလိုလို ဒိုင်နဲ့ ဘောလုံးသမားတွေအကြား ဖြစ်လေ့ရှိတဲ့ပြသနာတစ်ခုကတော့ ပြစ်ဒဏ်ဘော ပေးတဲ့အခါ ဘောလုံးကို ဘယ်နေရာမှာတည်မလဲ၊ တစ်ဖက်နောက်ခံတံတိုင်းကိုလည်း ဘယ်နေရာမှာ ရပ် ရမလဲဆိုတဲ့ ကိစ္စပဲဖြစ်ပါတယ်။ ဒီလိုပြသနာမျိုးတွေကို လာမယ့် ၂၀၁၄ ဘရာဇီးလ်ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ လုံးဝမြင်တွေ့ရတော့မှာ မဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဘရာဇီးလ်ကမ္ဘာ့ဖလားပြိုင်ပွဲကာလအ တွင်းမှာ ကွင်းလယ်ဒိုင်များအနေနဲ့ မှုတ်ဆေးဘူးများဆောင်ထားပြီး ပြစ်ဒဏ်ဘောကန်ရမယ့်နေရာနဲ့ လူတံတိုင်းရပ်ရမယ့် နေရာကို အဆိုပါမှုတ်ဆေးဘူးနဲ့ သေချာသတ်မှတ်ပေးသွားမှာ ဖြစ်လို့ပါပဲ။ Vanishing Spray လို့ အမည်ပေးထား တဲ့ ဒီမှုတ်ဆေးဘူးမှာ အသုံးပြုတဲ့ဆေးဟာ ရေအခြေခံဖြစ်တာကြောင့် ခဏအတွင်းမှာပဲ ပြန်လည်ပျောက်ကွယ် သွားမှာ ဖြစ်ပါတယ်။ အလားတူပဲ ဂိုးစည်းကို ဘောလုံးကျော်မကျော်ဆုံးဖြတ်ပေးသွားမယ့် ဂိုးလိုင်းနည်းပညာကို လည်းပဲ ၂၀၁၄ ကမ္ဘာ့ဖလားမှာ အသုံးပြုသွားတော့မှာ ဖြစ်ပါတယ်။

“ ဘရာဇီးလ်ကမ္ဘာ့ဖလားမှာ အသုံးပြုသွားမယ့် နည်းပညာ(၂)ခုအပေါ်မှာ ပြိုင်ပွဲဝင်အသင်းများဆီကနေ အပြုသ ဘောဆောင်တဲ့ တုန့်ပြန်မှုများရရှိထားပါတယ်။ ကစားသမားတွေ၊ နည်းပြတွေ၊ ဒိုင်တွေဆီကရောပေါ့။ အားလုံး ကိရိယာအသစ်များအပေါ် ကျေနပ်မှုရှိကြပြီး ကျွန်တော်တို့ အဖွဲ့ချုပ်ဘက်ကလည်း အဆင်ပြေပါတယ်။ ဂိုးလိုင်း နည်းပညာနဲ့ မှုတ်ဆေးဘူးတွေကို ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသုံးပြုသွားတော့မှာပါ”လို့ ကမ္ဘာ့ဘောလုံးအ ဖွဲ့ချုပ်ဥက္ကဌ ဆပ်ဘလတ္တာက ပြောသွားခဲ့ပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *