သိပ္ပံဆိုင်ရာ အဖိုးတန် အချက်အလက်များ ပျောက်ဆုံးမှု တပ်လှန့်ထား

loudspeaker.png
Shares 0

 

သိပ္ပံဆိုင်ရာ အချက်အလက်တွေရဲ့ ၈၀ရာခိုင်နှုန်းဟာ ဆယ်စုနှစ် (၂)စုအတွင်း အီးမေးလ် လိပ်စာအဟောင်းတွေထဲကို ပျောက်ဆုံးခဲ့တယ်လို့ ကနေဒါ လေ့လာမှုတစ်ရပ်က ဖော်ညွှန်းခဲ့ပါတယ်။

ကာလတစ်လျှောက်ရှိနေခဲ့တဲ့ သိပ္ပံဆိုင်ရာ အချက်အလက် သုံးခွင့်တွေနောက်ကို ခြေရာကောက်ခြင်း လေ့လာမှုကို ကိုလံဘီယာ၊ ဗြိတိန်တက္ကသိုလ် က ပြုလုပ်ခဲ့ပါတယ်။

သုတေသီတွေဟာ ကျပန်းစနစ်နဲ့ ၁၉၉၁ခုနှစ်နဲ့ ၂၀၁၁ခုနှစ်ကြားက ၅၁၆ခုသော သုတေသန မူရင်းအချက်အလက်တွေကို စုဆောင်းခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ (၂)နှစ်က ထုတ်ဝေထားတဲ့ အချက်အလက် အားလုံး ရပေမဲ့ အဲ့ဒီ့နောက်က နှစ်တွေကို ဆက်လိုက်မယ်ဆိုရင် တစ်နှစ်ကို (၁၇)ရာခိုင်နှုန်းနဲ့ အချက်အလက်တွေ ကျဆင်းသွားတာကို ထူးထူးဆန်းဆန်းတွေ့ရတယ်လို့ သုတေသီတွေက တင်ပြခဲ့ပါတယ်။

“စုပေါင်းရံပုံငွေနဲ့ လုပ်ထားတဲ့ သိပ္ပံဆိုင်ရာ သုတေသနတွေကနေ တစ်နှစ်တစ်နှစ်ကို ထွက်လာတဲ့ အချက်အလက် ပမာဏဟာ မနည်းမနောပဲ။ အဲ့ဒီ့ အချက်အလက်တော်တော်များများဟာ အချိန်တစ်ခု၊နေရာတစ်ခုအတွက် တန်ဖိုးဖြတ်လို့မရနိုင်ဘူး။ တခြား အချက်အလက်တွေဟာလည်း ထုတ်ဖော်ဖို့အတွက် ကုန်ကျစရိတ်သိပ်များတယ်။” လို့ ကိုလံဘီယာ၊ ဗြိတိန်တက္ကသိုလ် ပြင်ပပညာရှင်ဖြစ်တဲ့ Tim Vines က ပြောသွားပါတယ်။

အများပြည်သူ ရနိုင်တဲ့နေရာမှာ ထုတ်ဝေမှုအနေနဲ့ အချက်အလက်တွေကို တင်ပေးဖို့ စာတမ်းရေးသူတွေကို Tim Vines က သိပ္ပံဆိုင်ရာ ဂျာနယ်တွေကတဆင့် ဖိတ်ခေါ်နေပါတယ်။

“အချက်အလက်တွေ ဆုံးရှုံးတာဟာ သုတေသနရံပုံငွေ ဖြုန်းတာနဲ့ အတူတူပါပဲ။ သိပ္ပံပညာရပ် လုပ်နိုင်တဲ့နည်းလမ်းတွေကိုလည်း ကန့်သတ်လိုက်တာပဲ။ အနာဂတ် သုတေသနရပ်တွေအတွက် သိပ္ပံဆိုင်ရာအချက်အလက်တွေကို ကယ်တင်စုဆောင်းဖို့ သေသေချာချာ အာရုံစူးစိုက် လုပ်ဆောင်ဖို့ တကယ်လိုအပ်ပါတယ်။”လို့ Tim Vines ကပြောသွားပါတယ်။

Ref:upi

 

 

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *