ကမ္ဘာ့ဖလား ပြိုင်ပွဲကျင်းပမည့် ဘရာဇီးနိုင်ငံ အပူချိန်ကို FIFPro သတိပေး

1.jpg
Shares 0
ကမ္ဘာ့ဘောလုံးသမား သမဂ္ဂ FIFPro အတွင်းရေးမှူး ဗန်ဆီဂယ်လန်က ၂၀၁၄ ခုနှစ် ဘရာဇီးနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ကမ္ဘာဖလားဘောလုံးပြိုင်ပွဲအတွက် ရာသီဥတုအခြေအနေပေါ် သတိပေးစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။ဆီဂယ်လန် က လူအတော်များများဟာ နောက် ၉ နှစ်ကျမှ ကျင်းပမယ့် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားအတွက်ကြိုတင် တွေးပူနေကြပြီး လာမယ့် နှစ်မှာ ကစားမယ့် ဘရားဇီးနိုင်ငံရဲ့ ရာသီ ဥတု အပူချိန် အပေါ်မှာ စိတ်ဝင်စား အရေးတယူ မရှိတဲ့အတွက် အံ့အားသင့်မိတယ်လို့ ဆိုပါတယ်။ ဆီဂယ်လန်က လက်ရှိ ရာသီဥတု အပူအချိန် အရ ဘရားဇီးနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ ဟာ ကစားသမားတွေ အတွက် အဆင်မပြေမှု များ ရှိနိုင်တယ်လို့ သတိပေးပြောကြား သွားခဲ့ပါတယ်။
 
(IN’D)
Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *