‘X Factor’ ဒိုင်လူကြီးအဖြစ်မှ Demi Lovato နှုတ်ထွက်

demi-lovato-pca-fashion-650-430.jpg
Shares 0

 

‘X Factor’ ဒိုင်လူကြီး Demi Lovatoဟာ ဒိုင်လူကြီးအဖြစ်မှ နှုတ်ထွက်သွားပါပြီလို့ တီဗွီအစီအစဉ် ဖန်တီးသူ Simon Cowell က ဒီဇင်ဘာ ၁၈ရက်နေ့ညမှာ အတည်ပြုပြောကြားသွားခဲ့ပါတယ်။

“သူပြန်လာမှာ မဟုတ်ဘူးဆိုတာ ကျွန်တော် သိနေတယ်။ သူ ခရီးထွက်နေတယ်လေ။ ဒါ့ကြောင့် သိတာ။”လို့ Simon Cowell ကပြောပါတယ်။

Demi Lavoto ကလည်း သူမရဲ့ နှုတ်ထွက်မှုအကြောင်း နဲ့ပတ်သက်ပြီး “ဒီအစီအစဉ်မှာ အဆိုတော်တစ်ယောက်၊ ဂီတပညာရှင်တစ်ယောက် အနေနဲ့ စပြီးပါခဲ့တာပါ။ ကျွန်မ အဲ့ဒါတွေပဲ ပြန်လုပ်တော့မယ်။  အစဉ်ပြေသွားမှာပါ။ ၂၀၁၄ခုနှစ်အတွက်တော့ ကျွန်မ စိတ်လှုပ်ရှားနေပါတယ်။ ခရီးထွက်ရင်း၊ အယ်လ်ဘမ် သစ်တစ်ချပ်လုပ်ရင်း ဂီတကိုပဲ လုံးဝလုပ်ကိုင်တော့မယ်။” လို့ ဟောလီးဝုဒ် သတင်းထောက်တွေကို စကားလက်ဆောင်ပါးသွားပါတယ်။

‘X Factor’ မှာလုပ်ခဲ့တဲ့ အချိန်တွေကိုလည်း လွမ်းနေမှာဖြစ်တယ်လို့လဲ ပြောသွားပါတယ်။

Ref:billboard

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *